V2 Prologue

287 43 1
                                    

ငါက သူရဲကောင်းဖြစ်ချင်ရုံပါ
Volume 2 Prologue

သေခြင်းတရားဆိုတာကို မင်းတို့ဘယ်လိုထင်ကြလဲ။ ငါ့အတွက်တော့ လောကကြီးရဲ့ရင်ခွင်ထဲကို ပြန်သွားရုံသက်သက်ပဲ။

မင်းသေခါနီးရင် မင်းနှလုံးသားက ခုန်တာနှေးလာမယ်၊ မင်းရဲ့သွေးတွေလည်း ဖြည်းဖြည်းချင်း စီးဆင်းတာ ရပ်တန့်သွားလိမ့်မယ်။ မင်းအသက်မရှူတော့ဘူး။ မသေခင်မှာ မင်းအနေနဲ့ ကိစ္စတွေအများကြီးကို ပြန်တွေးကောင်း တွေးနေနိုင်ပါတယ်။ မင်းဘဝအကြောင်းပဲဖြစ်ဖြစ်၊ မင်းချစ်တဲ့သူတွေအကြောင်းပဲဖြစ်ဖြစ်၊ မင်းကိုသတ်သွားတဲ့ လူတွေအကြောင်းကိုပဲဖြစ်ဖြစ်ပေါ့။ ဒါပေမဲ့ ခဏလောက်ကြာရင်တော့ မင်းရဲ့အသိစိတ်က တစ်စထက်တစ်စ အားလျော့လာလိမ့်မယ်၊ နောက်ဆုံးမှာတော့ ထာဝရအိပ်ပျော်သွားမှာပေါ့။

နောက်တော့ မင်းခန္ဓာကိုယ်က တစ်စတစ်စ တောင့်တင်းလာမယ်။ သွေးတွေအေးခဲသွားပြီး ခန္ဓာကိုယ်တစ်ခုလုံး ပြာနှမ်းလာလိမ့်မယ်။ နောင်တစ်ဖန် မင်းခန္ဓာကိုယ်က ပြန်ပျော့ပြောင်းသွားလိမ့်ဦးမယ်။ ဒါပေမဲ့ နောက်တစ်ဖန်လည်း ပြန်တောင့်တင်းလာဦးမှာ။

နောက်နှစ်ရက်လောက်ကြာရင်တော့ မင်းဗိုက်ကြီး ဖောင်းကားလာတော့မှာပါ။ အတွင်းအင်္ဂါတွေ အရည်ပျော်နေ​ပြီလေ။ အပုပ်ရည်တွေလည်း ကျဆင်းလာလိမ့်မယ်။ မင်းအသက်ရှင်နေတုန်းက ဘယ်လောက်လှခဲ့လှခဲ့ မင်းကိုလိုချင်တဲ့သူ မရှိသလောက်ရှားသွားပြီ။ မင်းကိုယ်မှာတောင် မသတီစရာကောင်းတဲ့ အကောင်လေးတွေ တွယ်တက်သွားလာနေလောက်ပြီ။ ဒါပေါ့၊ မင်းကတော့ ဘယ်သိနိုင်တော့မလဲ။ မင်းဦး​နောက်တောင် အရည်ပျော်ပြီးနေပြီလေ။

အဲဒီနောက်ပိုင်း ဆက်ဖြစ်တာတွေကတော့ ရိုးရှင်းပါတယ်။ မင်းကိုယ်ကြီး တစ်စစီပုပ်သိုးဆွေးမြေ့ပြီး မြေဩဇာဖြစ်ကုန်မှာလေ။ ဒါကြောင့် ငါက မင်းတို့သေရင် သဘာဝတရားကြီးထဲ ပြန်ရောက်သွားတယ်လို့ ပြောရတာပေါ့။

'မင်းတို့' မင်းက ဒီစကားလေးနဲ့ပတ်သက်ပြီး တွေးနေတာလား။ မင်းထင်တာမှန်ပါတယ်။ ငါက သေခြင်းတရားက လွတ်ကင်းပြီလို့ မပြောနိုင်သေးပေမဲ့ သက်တမ်းအကန့်အသတ်မရှိတော့တာတော့အမှန်ပဲ။ ထာဝရရှင်သန်သူတစ်ယောက်က သေခြင်းတရားကို နားမလည်နိုင်ဘူးလို့ မင်းထင်နေတာလား။ မဟုတ်ဘူးကွ၊ ငါက မင်းတို့အားလုံးထက် အကြိမ်ခြောက်ရာလောက် ပိုသေဖူးတယ်။ ပြီးတော့ တစ်ပြိုင်နက်တည်း အကြိမ်ခြောက်ရာသေသွားတာ။

I just Wanna be Hero not HeroineWhere stories live. Discover now