V4 Chapter 21

101 12 0
                                    

ငါက သူရဲကောင်းဖြစ်ချင်ရုံပါ
V4 Chapter 21 - အတိတ်က ကိစ္စများ

ဂျပန်မှာတော့ ကမ္ဘာတစ်ခုလုံးကို တုန်လှုပ်သွားစေတဲ့ တိုက်ပွဲတစ်ခု ပြီးဆုံးသွားခဲ့ပါပြီ။ အမေရိကန် ​လေတပ်ဟာ မြူတန့်သားရဲကြီးကို အနိုင်ယူဖို့ကျရှုံးခဲ့ပြီး မြူတန့်ဌာနစိတ်ကလည်း တိုကျိုအစည်းအရုံးကို မတားဆီးနိုင်ခဲ့ပါဘူး။

နောက်ဆက်တွဲအနေနဲ့ ပြည်သူပိုင်အိုးအိမ်အများအပြား ပျက်စီးသွားခဲ့ရပြီး ဒီအကျိုးမဲ့တိုက်ပွဲကြောင့် ဟီးရိုးတွေရောအစိုးရပိုင်းပါ အပြစ်တင်ခံနေရပါတော့တယ်။ ဒါပေမဲ့ ဂျပန်အစိုးရကတော့ အများဆုံးအပြစ်တင်ခံခဲ့ရပြီး လက်ရှိအာဏာရပါတီဟာ ပြိုင်ဖက်ပါတီရဲ့မေးခွန်းထုတ်ခြင်းကို ခံနေရပြီးတော့ ဒီအတိုင်းဆိုရင် ဝန်ကြီးချုပ်နဲ့အစိုးရအဖွဲ့ဝင်တချို့ နှုတ်ထွက်ပေးရမယ့်အထိ ပြင်းထန်နေခဲ့ပါပြီ။

အားလုံးအငြင်းပွားနေတဲ့အချိန်မှာပဲ ဂျပန်ဘုရင့်နန်းတော်ကနေ အကြံပေးချက်တစ်ခုရောက်ရှိလာပါတော့တယ်။ နိုင်ငံရဲ့ဖွဲ့စည်းပုံအရ ဘုရင်ဟာရုပ်ပြသာဖြစ်ပြီး ဘာနိုင်ငံရေးအာဏာမှမရှိပါဘူး။ ဒါပေမဲ့လည်း လွှတ်တော်နဲ့ဘုရင်ကြားမှာ အပြန်အလှန်အကြံပေးပိုင်ခွင့်ရှိပြီး အခုတော့ ဘုရင်က ဒီဩဇာကိုသုံးလာခဲ့ပြီဖြစ်ပါတယ်။

"ဧကရာဇ် ဖူမီဟီတိုက နာဂါနိုမြို့အပျက်အစီးတွေကိုကိုင်တွယ်ဖို့အတွက် နိုင်ငံတော်သဘာဝဘေးအန္တရာယ် ဘားဂျက်ငွေကို အသုံးပြုဖို့နဲ့ လွတ်တော်အတွင်း ဆက်ပြီးအကျိုးမယ့်အငြင်းပွားမနေဖို့ အကြံပြုလိုက်ပါတယ်။"

လွှတ်တော်အမတ်တစ်ယောက်က ဘုရင့်စာလွှာကို ဖတ်ပြလိုက်တော့ လွှတ်တော်ထဲမှာရှိနေတဲ့သူတွေအားလုံး​က တလေးတစားနဲ့ ဘုရင်ကိုရည်မှန်းပြီး ဦးညွှတ်ဂါရဝပြုလိုက်ကြတယ်။

ဒီလိုနဲ့ အငြင်းပွားမှုဟာ ယာယီပြီးဆုံးသွားပြီး ဂျပန်အနေနဲ့ အမေရိကန်ရဲ့ပိုင်စိုးပိုင်နင်းနိုင်မှုအပေါ် ဘာမှတုံ့ပြန်မှာမဟုတ်သလို ဟီးရိုးအစည်းအရုံးကိုလည်း ဖိဖိစီးစီး တာဝန်ယူခိုင်းမှာမဟုတ်ဘူးဆိုတဲ့ ကြားနေမူဝါဒကို ထုတ်ဖော်လိုက်ကြတယ်။

I just Wanna be Hero not HeroineWhere stories live. Discover now