V3 Chapter 26 - တကယ်ကြောက်ဖို့ကောင်းတယ်

138 17 3
                                    

ငါက သူရဲကောင်းဖြစ်ချင်ရုံပါ
V2 Chapter 26 - တကယ်ကြောက်ဖို့ကောင်းတယ်ဆိုတာ

သူတို့လေယာဥ်ပျံ သင်္ဘောပေါ်ဆင်းသက်ပြီးတဲ့နောက် မက်ဒါနာက ငွေရောင်သေတ္တာကိုဆွဲဖွင့်လိုက်ပြီး ဝတ်စုံပြောင်းဝတ်လိုက်တယ်။ နောက်တော့ အနက်ရောင်သေတ္တာကိုပဲ တစ်ဆက်တည်းဖွင့်လိုက်ပြီး စေဘာစတိန်းကို အပြင်ထုတ်လိုက်တယ်။

အရင်တိုက်ပွဲတွေမှာ စေဘာစတိန်းက သိပ်မပါခဲ့ရပေမဲ့ ထပ်အဆင့်မြှင့်ထားတာ တော်တော်ကြာပြီဖြစ်ပြီး လက်နက်တွေလည်း တပ်ဆင်ပြီးခဲ့ပါပြီ။ ဒါကြောင့် စက်ရုပ်ရဲ့အဆင့်ကလည်း B အဆင့်ရဲ့ထိပ်ဆုံးကို ခုန်တက်သွားတယ်။

ဖရာလီတာကလည်း သူ့War frameကြီးထဲကို ဝင်လိုက်ပါတယ်။ ဒရုန်းဇုန်ကတော့ သူတို့ကိုကြည့်ပြီး အားကျနေပါတယ်။ နာမည်ကျော်အားကစားသမားတွေရှေ့ရောက်သွားတဲ့ ရပ်ကွက်ထဲက ဘောလုံးဝါသနာရှင်ကလေးလိုပဲ။

"ငါလည်း အဲဒီလိုဝတ်စုံတစ်စုံလောက်ထွင်ဦးမှာပါ။" ကံမကောင်းစွာနဲ့ ဒရုန်းဇုန်က နည်းပညာဟီးရိုးသီးသန့်မဟုတ်ဘဲ သူ့ပစ္စည်းအများစုက တခြားဂိကြီးတစ်ယောက် ထွင်ပေးထားတာပါ။

သူတို့လေယာဥ်ပေါ်က ဆင်းတဲ့အခါမှာတော့ အေးစက်တဲ့ပင်လယ်လေတွေက တိုးဝင်လာပါတယ်။ အခုက ဒီဇင်ဘာလထဲမှာဆိုတော့ အရှေ့ပင်လယ်ထဲမှာ နှင်းတွေထူထပ်စွာကျဆင်းနေတယ်။ နှင်း​တွေကို မြင်လိုက်ရတော့ မက်ဒါနာလည်း ခံစားချက်တွေရောထွေးလာတယ်။

"နောက်တစ်ခါ ဆောင်းရောက်လာပြန်ပြီ၊ အရင်နှစ်ဆောင်းတွင်းတုန်းက ဟီးရိုးဘဝဆိုတာ အိပ်မက်အဖြစ်ပဲရှိသေးတယ်။"

မက်ဒါနာ မိန်းကလေးပြောင်းသွားပြီး ဟီးရိုးဖြစ်လာကတည်းကဆိုရင် မကြာခင်မှာ ခြောက်လကျော်ခုနစ်လထဲဝင်တော့မယ်။ သူ့စိတ်ထဲ နှစ်ဝက််မပြည့်သေးဘူးထင်နေပေမဲ့ တကယ်က ကျော်တောင်နေပါပြီ။

လေယာဥ်ပေါ်ကနေ နောက်ကလိုက်ပြီးဆင်းလာတဲ့ ဖရာလီတာက သူ့ပခုံးကိုပုတ်လိုက်တယ်။

"အခုတော့ နင်က ကမ္ဘာ့ထိပ်သီးတွေထဲက တစ်ယောက်ဖြစ်နေပြီ။"

ငွေရောင်စစ်သည်က ခေါင်းညိတ်လိုက်ပြီး ပင်လယ်ပြင်ထဲကို ကြည့်လိုက်မိတယ်။ လေယာဥ်တင်ယာဥ်က ရပ်ကွက်တစ်ခုစာလောက်ကြီးပါတယ်။ နှင်းတွေကလည်းကျနေတော့ သိပ်ပြီးခပ်ဝေးဝေးကိုမမြင်ရဘူး။ ဒါပေမဲ့ ကောင်းကင်တစ်နေရာမှာ ငွေရောင်အလင်းတန်းတွေ လျှပ်တပြက်လက်လာတတ်တာကြောင့် တိုက်ပွဲဖြစ်နေသေးမှန်း သူတို့သတိထားမိကြတယ်။

I just Wanna be Hero not HeroineWhere stories live. Discover now