ငါက သူရဲကောင်းဖြစ်ချင်ရုံပါ
V2 Chapter 28 - တတိယမျက်လုံးဆိုဖီယာဟာ S rankနှစ်ယောက်ကို အလုံးစုံထိန်းချုပ်ထားနိုင်ဆဲပါ။ သူဟာ တဖြည်းဖြည်းနဲ့ နွံတောဒေသနားကို ရောက်လာပါပြီ။ ဝံပုလွေနှလုံးသားနဲ့ကုချင်းနတ်သမီးတို့ကတော့ ဒဏ်ရာရနေတာတောင်မှ ဆိုဖီယာကို အသည်းအသန်လိုက်တိုက်နေတုန်းပဲ။
ဒေါင်....။ ကုချင်းသံတစ်ချက်နဲ့အတူ သွေးစက်တချို့က မြေပေါ်ကိုကျဆင်းသွားတယ်။ ကုချင်းနတ်သမီးရဲ့လက်အခြေအနေက တော်တော်ဆိုးဝါးနေပြီး အရိုးတွေကိုတောင် မြင်နေရတယ်။ အခုထိ ဆိုဖီယာရဲ့နတ်ဘုရားမိန့်ခြွေစကားက မပျက်ပြယ်သေးပါဘူး။ ကုချင်းကြိုးတွေဟာ ဓားသွားတွေနဲ့တူနေပြီး ရှားပိုင်ဝေတီးခတ်လိုက်တိုင်းမှာ အရိုးခိုက်မတတ် နာကျင်ရပါတယ်။
လေပေါ်မှာပျံသန်းနေဆဲဖြစ်တဲ့ ဆိုဖီယာကတော့ သူ့ပါးကနေ စီးကျနေတဲ့ သွေးစီးကြောင်းကို လက်ဖဝါးနဲ့ စမ်းသပ်လိုက်ရင်း မဲ့ပြုံးပြုံးလိုက်တယ်။
"ဟောင်ကောင်အစည်းအရုံးခေါင်းဆောင်နဲ့ဒီမီထရီမိသားစုအကြီးအကဲက တကယ်မစွံပါ့လား။ ကျွန်မကို ဒီလောက်ဒဏ်ရာလေးဖြစ်စေဖို့ နာရီဝက်ကြီးများတောင် ကြိုးစားလိုက်ရတယ်။"
ဆိုဖီယာက ပေါ့ပေါ့ပါးပါးနဲ့ ဘာမှမဖြစ်သလိုမျိုး ပြောလိုက်တာဖြစ်ပေမဲ့ မြေပြင်မှာရှိနေတဲ့ ကျောက်စိုင်ကျောက်ခဲတွေအားလုံး စတင်တုန်ခါလာခဲ့ပါပြီ။ ကျောက်တုံးဂေါ်လမ်ကို ဖျက်ဆီးပြီး အခုမှဆိုဖီယာနောက်ကို လိုက်မီလာတဲ့ သမန်းဝံပုလွေလည်း သူ့အသည်းနှလုံးထဲကနေ ကြောက်လန့်သွားတယ်။
"ဘာ... ငါတို့ရင်ဆိုင်နေတာ သူ့စွမ်းအားအကုန် မဟုတ်သေးဘူးလား။ ပိုစွမ်းအားကြီးလာသေးတာလား။"
စိမ်းပြာရောင်အလင်းတန်းက ဆိုဖီယာရဲ့ခန္ဓာကိုယ်ကို ဖုံးလွှမ်းသွားတယ်။ တိမ်ထူထပ်တဲ့ ကောင်းကင်အောက်မှာ သူ့မျက်လုံးတွေက မြစိမ်းရောင်နေနှစ်စင်းလို တောက်ပနေပြီးတော့ အဝတ်အစားတွေကို လွင့်ပျံနေတယ်။
အခုထိ သူ့စွမ်းအားအကုန်ကို ထုတ်မသုံးရသေးတဲ့ အကြောင်းအရင်းက ဆိုဖီယာမှာရှိပါတယ်။ အဲဒါက...
YOU ARE READING
I just Wanna be Hero not Heroine
Teen Fiction"ဘုရားသခင် ငါ့ရှေ့ကိုလာခဲ့စမ်းပါ။ ငါမင်းကို နုပ်နုပ်စင်းပစ်ချင်လို့ပါ။ ငါက သိပ်လှတဲ့ ချစ်သူလိုချင်တာဟ။ သိပ်လှတဲ့ ကောင်မလေးဖြစ်ချင်တာမဟုတ်ဘူး။" မင်းလွင်ဟာ အမြဲတမ်း စူပါဟီးရိုးဇာတ်ကားတွေထဲကလို အစွမ်းရှိဟီးရိုးတစ်ယောက် ဖြစ်ချင်သူပေါ့။ ဒါပေမဲ့ စိတ်ကူးက...