ငါက သူရဲကောင်းဖြစ်ချင်ရုံပါ
V4 Chapter 49 - ငါတို့အားလုံးရဲ့နိဂုံးဧရာမဇီဝစက်ရုပ်ကြီး အန်းနပ်စ်က မြူတန့်သိပ္ပံရဲ့စွမ်းအားအမြင့်ဆုံး ထုတ်ကုန်တစ်ခုဖြစ်ပါတယ်။ ယာမာဂုချီမိသားစုရဲ့ဓားသလင်းကျောက်၊ အော့တိုရဲ့ဦးနောက်ထဲက မြူတန့်စွမ်းအားကျောက် နှစ်ခုလုံးနဲ့ပေါင်းစပ်ထားတယ်။ ဒါပေမဲ့ ယေဘုယျအားဖြင့် သုံးသပ်ကြည့်မယ်ဆိုရင်တော့ ခန္ဓာကိုယ်ဖွဲ့စည်းပုံက အရိုးမျက်နှာတွေနဲ့တူပြီး ပုံမှန်ထက် အဆမတန်ကြီးနေရုံပဲရှိပါတယ်။
"သေစမ်း...." ထုံးစံအတိုင်းပဲ စိတ်မြန်လက်မြန်ရှိတဲ့ ဖရာလီတာက ပထမဆုံး စတိုက်ခိုက်လိုက်တယ်။ သူ့ရဲ့အလင်းဒြပ်စင်အမြောက်နဲ့ အန်းနပ်စ်ကို ပစ်ခတ်လိုက်ပေမဲ့ နည်းနည်းလေးမှ အရာမထင်ပါဘူး။
"ရန်လိုမှုကို အာရုံခံမိသည်... ချေမှုန်း။"
ဘုန်း....။
ချက်ချင်းဆိုသလိုပဲ အန်းနပ်စ်က Archmegaရဲ့နောက်မှာပေါ်လာပြီး ထုနှက်လိုက်တယ်။ အနက်ရောင်သတ္တုဝါးဖရိန်ကြီးက ကျောက်ပြားထဲနစ်ဝင်သွားပြီး စက်ရုပ်လက်ပခုံးတွေနဲ့ချပ်ဝတ်တွေက တစ်စစီပိန်လိန် ပြုတ်ပျက်ထွက်ကုန်ပါတော့တယ်။
"ဖရာလီတာ..." ငွေရောင်စစ်သည်က ချက်ချင်းပြေးသွားပြီး အနက်ရောင်ဝါးဖရိန်ရဲ့ပိုင်းလော့ခန်းကိုဆွဲဖွင့်ကာ ဖရာလီတာကိုဆွဲထုတ်ဖို့လုပ်တယ်။ အခုဝါးဖရိန်က တစ်ချက်တည်းနဲ့ သုံးစားမရလောက်အောက် ပျက်စီးသွားပါပြီ။
"ရန်သူ... ချေမှုန်း..." အန်းနပ်စ်က မက်ဒါနာကို သတိထားမိသွားပြီး လက်ကြီးကိုမြှောက်ကာ တစ်ချက်တည်းသတ်ပစ်ဖို့ကြိုးစားပေမဲ့ အေမီက အလင်းဒြပ်စင်စွမ်းအားကိုသုံးပြီး ဓားနှစ်လက်နဲ့ ကြားဝင်ခံဆောင်ပေးလိုက်တယ်။
"မမလေး... မြန်မြန်ပြေးတော့။"
ငွေရောင်စစ်သည်က ဖရာလီတာကို ပွေ့ချီပြီး နေရာကနေ ထွက်ခွာရုံပဲရှိသေးတယ်။ အေမီဖန်တီးထားတဲ့အလင်းဒြပ်စင်ဓားချက်ကို အန်းနပ်စ်က ဖောက်ဝင်လာနိုင်ပြီး လက်ပြန်ပိတ်ရိုက်လိုက်လေရဲ့။
YOU ARE READING
I just Wanna be Hero not Heroine
Teen Fiction"ဘုရားသခင် ငါ့ရှေ့ကိုလာခဲ့စမ်းပါ။ ငါမင်းကို နုပ်နုပ်စင်းပစ်ချင်လို့ပါ။ ငါက သိပ်လှတဲ့ ချစ်သူလိုချင်တာဟ။ သိပ်လှတဲ့ ကောင်မလေးဖြစ်ချင်တာမဟုတ်ဘူး။" မင်းလွင်ဟာ အမြဲတမ်း စူပါဟီးရိုးဇာတ်ကားတွေထဲကလို အစွမ်းရှိဟီးရိုးတစ်ယောက် ဖြစ်ချင်သူပေါ့။ ဒါပေမဲ့ စိတ်ကူးက...