V3 Chapter 33

132 18 1
                                    

ငါက သူရဲကောင်းဖြစ်ချင်ရုံပါ
V3 Chapter 33 - မြူတန့်သိပ္ပံစခန်း (၁)

မက်ဒါနာနိုးလာတော့ ချမ်းလွန်းလို့ တစ်ကိုယ်လုံးခိုက်ခိုက်တုန်နေပြီ။ ခဲမသေတာ တော်လှရယ်။ မျက်လုံးဖွင့်ကြည့်လိုက်တော့ သူခြုံထားတဲ့စောင်က ခြေရင်းမှာပုံလျက်သား။

"ဖရာလီတာတော့ စောင်တွေကို ကန်ထုတ်လိုက်ပြန်ပြီထင်တယ်။" ကလေးဆန်တဲ့ ကောင်မစုတ်လေးအကြောင်းက သူ့ခေါင်းထဲ ပထမဆုံးဝင်လာတယ်။ အဲဒီဟာမလေးက အအိပ်ကြမ်းလွန်းတော့ စောင်တွေကို ခြေထောက်သေးသေး​လေးနဲ့ ကန်ထုတ်နေကျ။ အခုတောင် မက်ဒါနာအအေးဓာတ်ကြောင့် ချမ်းလွန်းလို့တုန်နေပြီး နှာရည်တွေလဲ နှာခေါင်းထဲက စီးကျနေပြီ။

"ဟိုဟာမလေး၊ နင်နိုးနေပြီမဟုတ်လား။"

အိပ်ချင်မူးတူးနဲ့ လက်တစ်ဖက်ကိုဆန့်ထုတ်ပြီး ဖရာလီတာရှိနိုင်တဲ့နေရာကို လှမ်းပုတ်လိုက်ပေမဲ့ ကုတင်မှာခင်းထားတဲ့ အိပ်ရာခင်းကိုပဲ ပုတ်လိုက်မိတယ်။ အဲဒီတော့မှ မက်ဒါနာလည်း မျက်လုံးကိုကျယ်ကျယ်ဖွင့်ကြည့်မိတော့တယ်။

သူချမ်းနေမှာပေါ့၊ ခါတိုင်း သူ့ခါးကိုဖက်ထားနေကျ ကောင်မလေးက ဘေးမှာရှိမှရှိမနေတာ။

'ဘုရားဘုရား... အအိပ်လွန်ပြီး ကုတင်ပေါ်ကပြုတ်ကျသွားတာတော့ မဟုတ်ပါဘူးနော်။" ပြောလို့ရတာမဟုတ်ဘူး။ ဟိုလှမ့်ဒီလှိမ့်နဲ့ အိပ်ရာပေါ်ကနေ လိမ့်ကျနေတာလည်း ဖြစ်ချင်ဖြစ်မှာ။ ကြမ်းပြင်မှာကွေးကွေးလေးအိပ်နေရမယ့် ဖရာလီတာကိုမြင်ယောင်မိရင်း စိုးရိမ်စိတ်က ကြီးထွားလာတယ်။ စောင်ခြုံလွတ်သွားလို့ လူကြီးဖြစ်တဲ့သူတောင် ဖျားချင်ချင်ဖြစ်နေတာ ကောင်မလေးအအေးမိသွားရင် ဘယ်လိုလုပ်မလဲ။

ဒီလိုနဲ့ ကုတင်ဘေးကြမ်းပြင်နှစ်ဖက်ကို ရှာကြည့်မိပေမဲ့ သေးသွယ်တဲ့ပုံရိပ်လေးကို ဘယ်နေရာမှာမှမတွေ့ရဘူး။

"ဖရာလီတာ..." မက်ဒါနာလည်း ဘယ်ရောက်သွားမှန်းမသိတဲ့ အသေးမလေးကို ရှာပုံတော်ဖွင့်ရတော့တာပေါ့။

ရေအိမ်သုံးနေလာဆိုပြီး သန့်စင်ခန်းဖက်ခြေဦးလှည့်ပေမဲ့ ဘယ်သူမှရှိမနေဘူး။ ကလေးမသေးသေးလေးဆိုတော့ တော်ကြာအိမ်သာခွက်ထဲ ပြုတ်ကျနေမှာဆိုးတာနဲ့ အထဲတောင်ငုံကြည့်ခဲ့သေးတယ်။ ဒါပေမဲ့ ဘာမှမရှိဘူး။

I just Wanna be Hero not HeroineWhere stories live. Discover now