ငါက သူရဲကောင်းဖြစ်ချင်ရုံပါ
V4 Chapter 17 - အားလုံးရဲ့မျှော်လင့်ချက်လုံခြုံတဲ့ လမ်းကြားလေးတစ်ခုထဲမှာတော့ အေမီက ကျောမှာသူလွယ်ထားတဲ့ ဂစ်တာလွယ်အိတ်ပုံစံအိတ်ကို ချလိုက်တယ်။ ဒါပေမဲ့ အိတ်ထဲမှာက နည်းပညာမြင့် အလင်းဒြပ်စင်ရိုင်ဖယ်တစ်လက်၊ ဇက်စတီးဓားနှစ်ချောင်းနဲ့ အသွင်ပြောင်းနည်းပညာဝတ်စုံအပျော့စားကို ထည့်ထားတာ။
အိတ်ကို ဖွင့်လိုက်ပြီးတဲ့နောက်တော့ အေမီက မိန်းကလေးကိုင်ပိုက်ဆံအိတ်ကလေးလို ဒီဇိုင်းထုတ်ထားတဲ့ Neon Valkyrieဝတ်စုံရဲ့ခေါက်သေတ္တာထွက်လာတယ်။ အရွယ်က အတော်လေးသေးပြီး ခြောက်လက်မပတ်လည်လောက်ပဲရှိပေမဲ့ အတော်စွမ်းအားကြီးတဲ့ဝတ်စုံပါ။
"ဟမ့်... ငါ့မမလေးကတော့ စတိုင်တွေဘာတွေထုတ်ဖို့ နားမလည်ပေမဲ့ ငါကတော့ နားလည်တယ်...."
အေမီက သူ့မမလေးတစ်ယောက် ငွေရောင်စစ်သည်သေတ္တာကို အလုပ်သွားရင်သယ်တဲ့သေတ္တာကြီးလိုသယ်ပြီးပြေးနေတာကို နည်းနည်းလေးမှစတိုင်ကျတယ်မထင်ဘူး။ ဒီတော့ အွန်လိုင်းကနေပြီး တခြားဟီးရိုးတွေ စတိုင်ဘယ်လိုထုတ်လည်းဆိုတာ လိုက်လေ့လာခဲ့တယ်။
အထူးသဖြင့် ဂျပန်က ဟီးရိုးဟောင်းတစ်ယောက်ဖြစ်ပုံပေါ်တဲ့ IXA ဆိုတဲ့နည်းပညာဟီးရိုးဝတ်စုံဝတ်တဲ့ပုံစံကို သူသဘောကျနေတာ။ ဒီတော့ အေမီလည်း IXA စတိုင်နဲ့ သူ့ပိုက်ဆံအိတ်ကို ဘယ်လက်ကကိုင်ပြီး ညာလက်သီးနဲ့ခလုတ်နေရာကို ဖိနှိပ်လိုက်တယ်။
ကံမကောင်းစွာနဲ့ အေမီက Tokusatsuကားတွေရှိမှန်း မနေ့တစ်နေ့ကမှသိတဲ့ သခင်မလေးရဲ့အိမ်စေဆိုတော့ IXAက တကယ်မရှိတဲ့ Kamen rider Kiva ထဲက နည်းပညာဝတ်စုံတစ်ခုဆိုတာကို မသိခဲ့ပါဘူး။
"စကားပုံအဟောင်းတစ်ခုရှိတယ်... ရောမရောက် ရောမလိုကျင့်တဲ့... အခုက ဂျပန်ဆိုတော့... ဟန်းရှင်း"
[Ready.... Switch On...] Neon Valkyrieသေတ္တာက ဆန့်ကားထွက်လာပြီး ပထမဆုံးအနေနဲ့ စုစုပေါင်း နှစ်မီတာလောက်ရှည်တဲ့ ဇက်ဖိုက်ဘာအတောင်ပံတွေက ပွင့်လာတယ်။ အဲဒီနောက်တော့ ဆွဲသားလို့ထင်ရအောင် ပါးလွှာလွန်းတဲ့ ဇက်နှုန်းကြိုးမျှင်ချပ်ဝတ်ကလည်း လေထီးလိုပွင့်လာပြီး အလင်းဒြပ်စင်တွေကြောင့် လေပေါ်မှာမျောလွင့်နေတယ်။
YOU ARE READING
I just Wanna be Hero not Heroine
Teen Fiction"ဘုရားသခင် ငါ့ရှေ့ကိုလာခဲ့စမ်းပါ။ ငါမင်းကို နုပ်နုပ်စင်းပစ်ချင်လို့ပါ။ ငါက သိပ်လှတဲ့ ချစ်သူလိုချင်တာဟ။ သိပ်လှတဲ့ ကောင်မလေးဖြစ်ချင်တာမဟုတ်ဘူး။" မင်းလွင်ဟာ အမြဲတမ်း စူပါဟီးရိုးဇာတ်ကားတွေထဲကလို အစွမ်းရှိဟီးရိုးတစ်ယောက် ဖြစ်ချင်သူပေါ့။ ဒါပေမဲ့ စိတ်ကူးက...