V3 Chapter 18

180 20 1
                                    

ငါက သူရဲကောင်းဖြစ်ချင်ရုံပါ
V3 Chapter 18 - ဒေါက်တာစမစ်

ဒေါက်တာမြူက လက်ထဲတွင် အဖြူရောင်နှင့်ငွေရောင်တောက်ပနေသော သလင်းကျောက်ကိုကိုင်ကာ လျှို့ဝှက်ခန်းမကျယ်ကြီးတစ်ခုအတွင်းသို့ ဝင်လာသည်။

"စမစ်၊ ဒေါက်တာစမစ်။ နောက်ဆုံးတော့ ငါတို့လိုချင်တာ ရခဲ့ပြီ။"

သူဖြတ်သွားသည့် ခန်းမကျယ်ကြီးအတွင်းတွင် ဖန်လုံပေါင်းချောင်များအတွင်း ဆေးရည်အပြည့်ဖြည့်ထည့်ထားသည့် လူသားခန္ဓာကိုယ်အများအပြားကို တွေ့နိုင်၏။ အကယ်၍မျက်ကွယ်နေရာများတွင်ရှိနေသည့် ဖန်ပေါင်းချောင်များကိုပါ ထည့်သွင်းရေတွက်မည်ဆိုပါက ယခုနေရာတွင် လူသားခန္ဓာကိုယ်များကို ထည့်သွင်းထားသည့် ယင်းပုံစံတူဖန်ပေါင်းချောင်အနည်းဆုံး ငါးရာနီးပါးခန့်ရှိနေပြီဖြစ်သည်။

သို့သော်လည်း ယင်းအရေအတွက်က သူတို့ရှိနေသည့် အထပ်တစ်ခုတည်းကိုသာ ရေတွက်ထားခြင်းဖြစ်ပြီး ယခုစမ်းသပ်ခန်းကြီးမှာ ယခင်စမ်းသပ်ခန်းများအားလုံးထက် များစွာကြီးမားနေခြင်းကို ပြောပြစရာပင် လိုမည်မထင်ပေ။

ဘုန်း....။

ခပ်အုပ်အုပ် အသံတစ်ချက်နှင့်အတူ စမ်းသပ်ခန်းကြီးတစ်ခုလုံး လှုပ်ခါသွားသည်။ သူတို့ရှိနေသည့်နေရာက ငလျှင်မကြာခဏ လှုပ်တတ်ပုံပင်။

ဒေါက်တာမြူက စီးကရက်ကိုလက်ကြားညှပ်ထားပြီး တစ်နေရာကိုစိုက်ကြည့်နေသော ဒေါက်တာစမစ်ထံသို့ သလင်းကျောက်တုံးအပ်လိုက်သည်။ ဒေါက်တာစမစ်က သလင်းကျောက်ကို လက်ခံလိုက်သော်လည်း အစမှအဆုံးအထိ ဒေါက်တာမြူကိုလှည့်မကြည့်သောကြောင့် သူ့မျက်နှာပေါ်မှအပြုံးလည်း အေးခဲသွား၏။

"ဒေါက်တာယွန်းနဲ့ အဆက်အသွယ်ရပြီလား။ အချိန်ကျလာရင် ငါတို့သုံးယောက်လုံး အတူရှိနေဖို့လိုတယ်။" စမစ်၏စကားကို ဒေါက်တာမြူမငြင်းပါ။ သို့သော်လည်း သူက စိတ်ပျက်စွာသာ ခေါင်းခါပြလိုက်သည်။

"လွန်ခဲ့တဲ့ ၄၈နာရီက ဆက်သွယ်ခဲ့သေးပေမဲ့ ပြန်မဖြေဘူး။ ကြည့်ရတာ သားကောင်သစ်တွေနဲ့ ပျော်နေတဲ့ပုံပဲ။"

I just Wanna be Hero not HeroineWhere stories live. Discover now