ငါက သူရဲကောင်းဖြစ်ချင်ရုံပါ
V3 Chapter 20 - ငါက တစ်ကမ္ဘာလုံးကို လက်စားချေချင်တာအဲဒီကံဆိုးတဲ့အဖြစ်အပျက်ပြီးတဲ့နောက်တော့ စင်တီကို လူသားတွေက ကြောက်စရာသွေးဆာနေတဲ့ သတ္တဝါလို့ ယူဆလိုက်ကြတယ်။ သူတို့တွေဟာ တရားမျှတမှုဆိုတဲ့ ကိုယ်ပိုင်စိတ်ကူးယဉ်ကမ္ဘာငယ်လေးထဲမှာ ပိတ်မိနေကြပြီး စင်တီရဲ့ရှင်းပြချက်တွေကို နားထောင်ဖို့မအားခဲ့ကြဘူး။
'အပြစ်မဲ့တဲ့ကလေးကိုသတ်ခဲ့တဲ့ မိစ္ဆာမကိုသတ်' အဲဒီစကားလုံးတွေက သာမန်လူတွေရဲ့စိတ်ထဲမှာ ပဲ့တင်သံထွက်နေခဲ့တယ်။ ဟီးရိုးတွေကလည်း ဖြစ်ခဲ့တဲ့ဖြစ်စဉ်ကို သေချာနားထောင်ဖို့ထက် သာမန်လူတွေဆီက ချီးကျူးစကားကိုပဲ လိုချင်နေခဲ့တာ။
'လူတွေက မိစ္ဆာမကိုသေစေချင်နေတာမဟုတ်လား၊ ငါတို့သူ့ကိုသတ်လိုက်ရင် နောက်တစ်ခါသူရဲကောင်းဖြစ်ပြီလေ။' အမှန်တရားဆိုတာက လူသားတွေရဲ့အမြင်သက်သက်ပဲ။ စိတ်ထင်ယောင်ထင်မှားဖြစ်စဉ်လို့ ပြောရင်တောင် မှန်လေမလား။
တစ်ခါက အိမ်ခြေမဲ့ ကလေးငယ်လေးတစ်ယောက် ငတ်ပြတ်ဆာလောင်နေလို့ ဟော့ဒေါ့ဆိုင်က စားစရာတချို့ ခိုးစားဖူးတယ်။ ဆိုင်ရှင်အတွက်တော့ သူက တစ်ပါးသူတွေပိုင်ဆိုင်တဲ့အရာကို အဓမ္မရယူတဲ့သူခိုးလေးပေါ့၊ ဒါပေမဲ့ ကလေးငယ်အတွက်တော့ သုံးရက်လုံးလုံး ဆန်တစ်စေ့တောင်မစားရသေးလို့ မွတ်သိပ်ဆာလောင်မှုကိုပဲ သိတော့တာ။
အဲဒီကလေးကို ရပ်ကွက်ထဲကလူတွေက တရားမျှတမှုအတွက်ဆိုပြီး ဝိုင်းရိုက်လိုက်ကြတယ်၊ ဒါဆိုရင် လက်ကျိုးခြေကျိုးဖြစ်သွားတဲ့ ငတ်မွတ်နေတဲ့ကလေးအတွက်ကရော တရားမျှတမှုဆိုတာ ဘယ်မှာလဲ။
လူသားတွေအတွက် ဘဝဆိုတာက ရွေးချယ်ခွင့်ရတဲ့အရာမဟုတ်ဘူး၊ ဘဝကသာ လူသားတွေရဲ့ဖြစ်တည်မှုကို ရွေးချယ်ခဲ့တာ။
အခုဖြစ်စဉ်မှာလည်း ဒီလိုပါပဲ၊ စမစ်ဟာ ကြောက်လန့်ပြီး သူ့ကိုယ်သူအပြစ်တင်နေဆဲဖြစ်တဲ့ စင်တီရဲ့လက်ကိုဆွဲပြီး အမေရိကန်တောင်ပိုင်း ဖလော်ဖီဒါကနေ နှင်းတွေဖွေးဖွေးကျနေတဲ့ မြောက်ပိုင်းကန်းဆက်ပြည်နယ်အထိ ထွက်ပြေးခဲ့ရတယ်။
YOU ARE READING
I just Wanna be Hero not Heroine
Teen Fiction"ဘုရားသခင် ငါ့ရှေ့ကိုလာခဲ့စမ်းပါ။ ငါမင်းကို နုပ်နုပ်စင်းပစ်ချင်လို့ပါ။ ငါက သိပ်လှတဲ့ ချစ်သူလိုချင်တာဟ။ သိပ်လှတဲ့ ကောင်မလေးဖြစ်ချင်တာမဟုတ်ဘူး။" မင်းလွင်ဟာ အမြဲတမ်း စူပါဟီးရိုးဇာတ်ကားတွေထဲကလို အစွမ်းရှိဟီးရိုးတစ်ယောက် ဖြစ်ချင်သူပေါ့။ ဒါပေမဲ့ စိတ်ကူးက...