V4 Chapter 26

107 12 0
                                    

ငါက သူရဲကောင်းဖြစ်ချင်ရုံပါ
V4 Chapter 26 - ဒွိဟ

ညစာစားပွဲ ပြီးတဲ့နောက်တော့ မက်ဒါနာတို့အုပ်စုက ခရီးစထွက်ဖို့ လုပ်ကြရပြန်ပြီ။ ပန်ဒရာဂွန်မိသားစုနဲ့ အမိန့်တော်အဖွဲ့တွေက မြေထဲပင်လယ်အတွင်းမှာရှိနေတဲ့ စပိန်ပိုင် Balearic ကျွန်းစုတွေထဲကတစ်ခုမှာ စခန်းချနေနိုင်တယ်လို့ အတည်ပြုခဲ့ကြပါတယ်။

အလားတူပဲ မြေထဲပင်လယ်မှာလှုပ်ရှားနေတဲ့ တစ္ဆေပင်လယ်ဓားပြအဖွဲ့ရဲ့သင်္ဘောတချို့လည်း အဲဲဒီမှာလှုပ်ရှားနေကြောင်း စပိန်မှာရှိနေတဲ့ မက်ဒရစ်ဟီးရိုးအစည်းအရုံးက အကြောင်းကြားလာပါတယ်။

စပိန်အကြောင်း အနည်းငယ်မိတ်ဆက်ရမယ်ဆိုရင်တော့ ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံတစ်ခုဖြစ်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဘုရင်အုပ်ချုပ်တဲ့နိုင်ငံဖြစ်ပါတယ်။ ​ဂျပန်နဲ့​​‌ဗြိတိန်နိုင်ငံတွေနဲ့မတူတာက စပိန်ဘုရင်ဟာ နိုင်ငံအပေါ်ကိုယ်စားပြုမှုမြင့်မားပြီး သံတမန်ရေးမှာ အဆင့်တစ်ခုအထိပါဝင်ခွင့်ရှိတယ်။ ၁၉၇၈ စပိန်နိုင်ငံအခြေခံဥပဒေအရ စပိန်ဘုရင်ဟာ စပိန်စစ်တပ်ရဲ့အကြီးအမှူးလည်းဖြစ်ပြီး စစ်တပ်အပေါ် အမိန့်ပေးနိုင်စွမ်းရှိပါတယ်။

စပိန်အင်ပါယာဟာ ကိုလိုနီခေတ်စ​ဦးပိုင်းမှာ စွမ်းအားအကြီးဆုံးဖြစ်ပြီး မရှုံးနိမ့်နိုင်သောရေတပ်ကိုလည်း ပိုင်ဆိုင်ခဲ့ဖူးပါတယ်။ ဒါပေမဲ့ မြောက်အမေရိကဒေသခံတွေအပေါ်မှာ ကျူးလွန်ခဲ့တဲ့ရက်စက်မှုတွေကတော့ ရာစုနှစ်နဲ့ချီကြာသွားတာတောင် အမည်းစက်ထင်ကျန်နေဆဲပါ။

စပိန်ပြည်တွင်းစစ်ပြီးတဲ့နောက် ဖက်ဆစ်ဝါဒနဲ့အုပ်ချုပ်ခဲ့ဖူးပေမဲ့ နောင်အခါမှာတော့ တော်ဝင်မိသားစုကပဲ ပြန်အာဏာရလာပြီး ယနေ့လိုမျိုး စည်းမျဥ်းခံဘုရင်စနစ်ဖြစ်လာခဲ့တာပါ။ လက်ရှိမက်ဒရစ်အစည်းအရုံးခေါင်းဆောင်က A rank ဟီးရိုး Green Lopez ဖြစ်ပြီး နိုင်ငံရဲ့အစွမ်းအထက်ဆုံး ဟီးရိုးလည်းဖြစ်ပါတယ်။ ပြီးတော့ လက်ရှိကွန်ဂရပ်အကြောင်းကို မက်ဒရစ်အစည်းအရုံးကလည်း ကြားပြီးပြီဖြစ်လို့ ဖြစ်လာနိုင်တဲ့ သက်ရောက်မှုတွေကိုရင်ဆိုင်ဖို့ ပြင်ဆင်ပြီးနေပါပြီ။

I just Wanna be Hero not HeroineWhere stories live. Discover now