V4 Chapter 10

113 13 1
                                    

ငါက သူရဲကောင်းဖြစ်ချင်ရုံပါ
V4 Chapter 10 - ဗီလိန်ကွန်ယက်၏အရှင်သခင်

ကြေးစားစစ်တပ်က ထိပ်တန်းအဖွဲ့ဝင်တွေအဖြစ် ဟန်ဆောင်လိုက်တာ တော်တော်မှန်သွားတယ်လို့ ပြောရမယ်။ ပစ္စည်းအတုတွေကို Darkwebကနေ လိမ်ရောင်းဖို့ကြိုးစားနေတဲ့ လူလိမ်တွေအပါအဝင် တော်ရုံဗီလိန်အများစုက သူတို့နားကို မချဥ်းကပ်ရဲကြလို့ပါ။

လူတွေ တအားကျိတ်ကျိတ်တိုးနေတဲ့ နေရာတွေကိုတောင် အေးအေးဆေးဆေး​ လျှောက်သွားနိုင်ပါတယ်။ အကြောင်းကတော့ ကြေးစားစစ်တပ်ဝတ်စုံတွေကိုတွေ့တာနဲ့ လူတွေက ရှောင်ပေးကြလို့ပါ။ ဘယ်သူမှ ကမ္ဘာ့ဒုတိယအဆင့် ဗီလိန်အဖွဲ့အစည်းကို ရန်မစမိချင်ကြပါဘူး။

ဒါကြောင့် သူတို့အုပ်စုက အလိမ်ပေါ်မှာမစိုးရိမ်ရဘဲ အေးအေးဆေးဆေး ရှေ့ဆက်နိုင်ခဲ့တယ်။ ပြဿနာတစ်ခုက ဒီပလက်ဖောင်းနေရာက မြို့တစ်မြို့စာနီးပါးကျယ်နေပြီး mini mapတစ်ခုရှိမနေတာပါ။ ဒါကြောင့် သူတို့တွေ တတိယထပ်ကို ဘယ်လိုသွားရမလဲ မသိပြန်ဘူး။

"မမလေး... နောက်တစ်ခါဆာဗာကို Scan ဖတ်ပေးလို့မရဘူးလား။" ကြာတော့ စိတ်မရှည်တော့တဲ့အေမီက ဝင်ပြောလာတယ်။

မက်ဒါနာကတော့ အေမီရဲ့ဆန္ဒကို ငြင်းဆန်လိုက်ပါတယ်။ "မရဘူး၊ ပထမတစ်ကြိမ်ရှာပြီးတဲ့နောက် တခြားအင်အားစုတစ်ခုက ငါ့ကိုလိုက်ရှာနေမှန်း ငါသတိထားမိတယ်။ ဒီတော့ထပ်လုပ်ရင် ဆာဗာအစောင့်တွေက ငါတို့ကို ရှာတွေ့သွားလိမ့်မယ်။"

မက်ဒါနာရဲ့ဆာဗာထဲကိုခိုးဝင်တဲ့နည်းက အတော်လေးကောင်းပေမဲ့ အားနည်းချက်မရှိတာတော့မဟုတ်ပါဘူး။ Cybercrowသာ သူတို့ကိုရှာတွေ့သွားရင် မရအရလိုက်သတ်မှာဖြစ်ပြီး သူတို့ထွက်နိုင်ခဲ့ရင်တောင် ဆာဗာကိုဗားရှင်းမြှင့်လိုက်မှာဖြစ်တဲ့အတွက် နောက်တစ်ကြိမ် တူညီတဲ့နည်းလမ်းနဲ့ ပြန်ဝင်လို့ရတော့မှာမဟုတ်ပါဘူး။

မြူတန့်သိပ္ပံအဖွဲ့က မကြာခင်ရက်ပိုင်းအတွင်း အပြင်မှာ ဗီလိန်ကွန်ဂရက်ကျင်းပတော့မှာဖြစ်ပြီးတော့ ဒီတစ်ကြိမ်သတင်းယူတာ ကျရှုံးသွားရင် အချိန်မီထပ်ဝင်ပြီး သတင်းရယူဖို့က မဖြစ်နိုင်တော့တာမျိုး ဖြစ်နိုင်ပါတယ်။ ဒါကြောင့် သေချာပိပိရိရိလုပ်ရပါမယ်။

I just Wanna be Hero not HeroineWhere stories live. Discover now