V4 Chapter 18

80 11 0
                                    

ငါက သူရဲကောင်းဖြစ်ချင်ရုံပါ
V4 Chapter 18 - Manifest destiny

လွန်ခဲ့သော ဆယ်နှစ်ခန့်က။

အသက်ဆယ့်ငါးနှစ်ခန့်ရှိမည်ဖြစ်သော ကောင်လေးတစ်စုမှာ စားသောက်ဆိုင်တစ်ခုတွင် စားသောက်နေကြသည်။

သူတို့ပုံစံက အီမိုလိုလို၊ ပန့်လိုလိုဖြစ်ပြီး ငယ်ရွယ်သည့် ဟယ်ရီကတော့ သူတို့ခေါင်းဆောင်ဖြစ်ဟန်နှင့် အားလုံး၏ အာရုံစိုက်မှုအလည်တွင်ရှိနေ၏။ သူတို့နှင့်ခပ်လှမ်းလှမ်းတွင်တော့ အဖိုးအိုတစ်ဦးရှိနေပြီး ဂျာကင်အနက်ကိုခြုံထားကာ မိမိစားစရာရှိသည်ကိုသာ အေးအေးဆေးဆေးစားနေသည်။

အုပ်စုထဲမှ လူငယ်လေးတစ်ယောက်က လေချွန်လိုက်ရင်း စားပွဲထိုးကို ခေါ်လိုက်၏။

"စားပွဲထိုး၊ ဟော့ဒေါ့ငါးချောင်းထပ်ချပေးစမ်း။"

ကောင်လေးအားလုံးက ခပ်မိုက်မိုက်ပုံစံများဖြစ်ကြကာ ငယ်ရွယ်ကြသေးသော်လည်း ဘီယာများအမူးသောက်နေကြပြီး အရွယ်မရောက်သေးသူများကို အရက်သောက်ခွင့်မပေးသည့်ဥပဒေကို ဂရုစိုက်ကြပုံမရပေ။

စားပွဲထိုးကတော့ နောက်ထပ်စားစရာများ ထပ်ချပေးဖို့ကို သဘောမတူပေ။ "ညီ...ညီလေးတို့စားတာတွေ များနေပြီ၊ အရင်တစ်ခါလာစားတုန်းကလည်း ပိုက်ဆံပေးမသွားဘူး။ ဆိုင်ရှင်က ညီလေးတို့ကို ပိုက်ဆံလက်ငင်းမရှင်းရင် ဘာမှထပ်ချမပေးဖို့မှာထားပါတယ်။"

ခေါင်းဆောင်ဖြစ်သည့်ဟယ်ရီက မျက်ခုံးပင့်လိုက်ပြီး သူ့လက်ညိုးလေးတစ်ချောင်းကို ဆန့်ထုတ်လိုက်သည်။ လက်ထိပ်တွင်တော့ အက်တမ်အလုံးလေးတစ်ခုက လျင်မြန်စွာလှည့်ပတ်နေပြီး ဟယ်ရီက ထိုအလုံးလေးဖြင့် ဘီယာဖန်ပုလင်းလည်ပင်းကို ဖြတ်ပြလိုက်ရာ တိတိကျကျပြတ်ကျသွား၏။

"မင်းတို့ဆိုင်ရှင်က မြူတန့်စွမ်းအားရှိတဲ့သူတွေကို အလကားကျွေးရမယ်ဆိုတာ နားမလည်ဘူးလား။ သူ့ကိုသွားခေါ်လာခဲ့၊ မဟုတ်ရင်တော့ မင်းလည်ပင်းလည်း အဲဒီပုလင်းလိုဖြစ်သွားမယ်။"

သူအဲဒီစကားကို ပြောလိုက်တဲ့အချိန်မှာပဲ အဖိုးအိုက စားပွဲကနေထလာပြီး ဟယ်ရီရဲ့အင်္ကျီလည်ပင်းကိုဆွဲပြီး ကိုင်မြှောက်လိုက်တယ်။

I just Wanna be Hero not HeroineWhere stories live. Discover now