ငါက သူရဲကောင်းဖြစ်ချင်ရုံပါ
Chapter 19- အရှုပ်တော်ပုံကိုင်းတိုက ဟောင်းနွမ်းနေတဲ့ စတီးအိုးခွက်လေးထဲကို ဖြစ်သလိုခပ်လာတဲ့ နတ်ကွန်းရေတိုင်ကီထဲကရေနဲ့ စျေးပေါပေါအသင့်စားခေါက်ဆွဲထုပ်ကို ပစ်ထည့်လိုက်တယ်။ အဲဒီနောက် သုံးချောင်းထောက် သံမီးဖိုလေးပေါ်ကို တင်လိုက်တယ်။ နောက်တော့ အဲဒီမီးဖိုလေးကို စိတ်အားထက်သန်စွာနဲ့ သူ့အကြောင်းတွေပြောနေတဲ့ ဆံဝါကောင်မလေးရှေ့ကို ချပေးလိုက်တယ်။
"ခေါက်ဆွဲပြုတ်ပေး။"
"အဲဒီတုန်းက ဆရာက ဂျာကင်အင်္ကျီနဲ့တီရှပ်အဖြူရောင်ဝတ်ထားတာလေ။ ဘောင်းဘီအိတ်ထဲကို လက်နှိုက်ထားပြီးတော့ 'မင်းက လူဆိုးကောင်ဟီတိုဂီရီလား'ဆိုပြီးပြောတာလေ။ ဟိုက အေးလို့ဖြေတော့ ဆရာက သူ့မျက်နှာကိုခြေထောက်နဲ့အရင်စကန်တာလေ။"
ကောင်မလေးကတော့ သူ့ပတ်ဝန်းကျင်လောကကြီးတစ်ခုလုံးကို လုံးဝမေ့နေပုံပဲ။ ကိုင်းတိုရဲ့စွန့်စားခန်းတွေက ကြာလှပါပြီ။ ပြီးတော့ သူ့အတ္ထုပ္ပတ္တိတော်တော်များများက ရောင်းကောင်းအောင်ဆိုပြီး လျှောက်ရေးထားတာတွေပါ။
ဟီတိုဂီရီအရူးကောင်ကို သူအနိုင်ပိုင်းတုန်းက ဘာစကားမှပြောမနေဘဲ မျက်နှာကို ခြေထောက်နဲ့ကန်ခဲ့ရုံပါ။ အကြောင်းအရင်းက ရုပ်ဆိုးလို့လေ။ ဒါပေမဲ့ စာအုပ်တွေထဲကြတော့ အရမ်းကိုမိမိုက်နေတဲ့ စကားတွေပြောပြီးတော့ ချနေကြတာ မသိရင် ရှိုဂျိုမန်ဂါလို့တောင်ထင်ရတယ်။ နောက်ပြီးအဲဒီနေ့က အလုပ်ချိန်တန်းလန်းကြီးသွားခဲ့တာမလို့ ကြက်ကြော်ဆိုင်ခါးစည်းကြီးနဲ့။ ဒါပေမဲ့စာအုပ်ထဲကျတော့ ဆယ်ကျော်သက်လူငယ်လေးလို မိမိုက်နေရော။
သူတို့ချတုန်းက လူသူစွန့်ပစ်ထားတဲ့ မီးတောင်ပေါ်မှာမလို့ ဘယ်သူမှမမြင်ခဲ့ဘူး။ အဖော်လိုက်လာတဲ့ ဟီးရိုးတချို့ပဲပါတာ။ ရေးတဲ့စာရေးဆရာက အဲဒီလူတွေဆီက ပြန်ကြားတာကို သူ့အကြံနဲ့သူပြန်ရေးထားတာ။ ကိုင်းတိုကို စာအုပ်ရောင်းပြီးရတဲ့ငွေထဲက ခံစားခွင့်တချို့တောင်မပေးခံဘူး။ အဖွားကြီးကိုရိုမီကတော့ တရားစွဲဖို့ပြောပေမဲ့ သူလည်းရုံးချိန်းမတက်ချင်လောက်အောင် ပျင်းနေတာနဲ့ မလုပ်ဖြစ်တော့တာ။
YOU ARE READING
I just Wanna be Hero not Heroine
Teen Fiction"ဘုရားသခင် ငါ့ရှေ့ကိုလာခဲ့စမ်းပါ။ ငါမင်းကို နုပ်နုပ်စင်းပစ်ချင်လို့ပါ။ ငါက သိပ်လှတဲ့ ချစ်သူလိုချင်တာဟ။ သိပ်လှတဲ့ ကောင်မလေးဖြစ်ချင်တာမဟုတ်ဘူး။" မင်းလွင်ဟာ အမြဲတမ်း စူပါဟီးရိုးဇာတ်ကားတွေထဲကလို အစွမ်းရှိဟီးရိုးတစ်ယောက် ဖြစ်ချင်သူပေါ့။ ဒါပေမဲ့ စိတ်ကူးက...