စာစဥ် ၅၈ : အပိုင်း ၉
အပိုင်း ၁၁၁၉ : တစ်ယောက်မှ ထွက်သွားဖို့ မစဥ်းစားနဲ့
လင်းဖုန်းသည် သူ၏ညာလက်ကို ဆန့်တန်း၍ ချင်းရီ သူတော်စင်မယ်နှင့် ကျန်သောသူများထံသို့ ကုတ်ဆွဲသည့် အမူအရာ တစ်ခုကို ပြုလုပ်လိုက်သည်။ အဆုံးမဲ့ ခရမ်းရောင် တိမ်တိုက်များက ထိုးတက်လာ၍ ဧရာမ ခရမ်းရောင် လက်ကြီးတစ်ခုအဖြစ်သို့ ပြောင်းသွားကြသည်။ ဧရာမ ခရမ်းရောင် လက်ကြီးထံမှ ဖိအားသည် ယန်ယွင်ကျန်းနှင့် ရွှမ်းလင်သူတော်စင်တို့အား မွန်းကျပ်စေခဲ့သည်။
ချင်းရီ သူတော်စင်မယ်သည် ထိုအခြေအနေကို တွေ့ရသောအခါ ဘာမှ မပြောခဲ့ပေ။ ချန်ကောင်းကင် မဟာဟင်းလင်းပြင် နတ်ဘုရား အလင်းတန်းသည် သူမ၏ ကိုယ်အပေါ်တွင် လင်းလက်လာ၍ တာအိုသစ်သီး နှစ်လုံးတို့က သူမ၏ဘေးတွင် လွင့်မျောလာကြသည်။
ဘယ်ဘက်မှ တာအိုသစ်သီးသည် တစ်ခြမ်းဖြူ၍ တစ်ခြမ်းနက်နေကာ သူ၏ မျက်နှာပြင် အပေါ်တွင် အဖြူနှင့် အနက်ရောင် ပုံစံများက ကြက်ခြေခတ်နေကြသည်။
ညာဘက်မှ တာအိုသစ်သီးသည် ရွှေရောင် အလင်းတန်းများဖြင့် လင်းလက်နေ၏။ မရေမတွက်နိုင်သော မှောင်သင်္ကေတများသည် သူအပေါ်တွင် ပေါ်လာကြသည်။ ပြီးတာနှင့် သူတို့သည် ရွှေရောင် တိမ်တိုက်များ အဖြစ် ပြောင်းသွားကြကာ ဤတာအို သစ်သီး၏ အပေါ်တွင် လွင့်မျောနေကြသည်။
ထိုတာအို သစ်သီး နှစ်လုံးတို့ ပေါ်လာကြသော အခါ ကိုးထပ်စေတီ တစ်ဆူကလည်း ပေါ်လာ၏။ စကြာဝဠာ၏ အလယ်ဗဟိုကဲ့သို့ သူသည် အရာအားလုံးတို့ကို သူ့ထံသို့ ဆွဲဆောင်နိုင်ခဲ့သည်။
ထိုစေတီသည် ကြယ်စင်နှင့် လမင်းတို့ကို ထိန်းချုပ်နိုင်သည်ဟု ထင်နေရသည်။ သူသည် တစ်ကမ္ဘာလုံးအား စုပ်ယူနိုင်သည်ဟု ထင်နေရပြီး လင်းဖုန်း ပေးထားသော ဖိအားများကို ဖယ်ရှားနိုင်ရန် လိုသည်ထက်ပင် ပိုနေသည်ဟု ထင်နေရသည်။
သို့သော်လည်း သူသည် အသုံးမဝင်ခဲ့ပေ။
"မင်းက ဒါကို ခုခံနိုင်မယ်လို့ ထင်နေတာလား" လင်းဖုန်းက တိုးညင်းစွာဖြင့် ပြောလိုက်၏။ သူ၏ နဖူးပေါ်မှ အလင်းတန်း တစ်ခုက ပျံသန်း ထွက်ပေါ်လာ၍ ဟင်းလင်းပြင် အတွင်းတွင် လျင်မြန်စွာဖြင့် ကျယ်ပြန့်သွားသည်။
YOU ARE READING
ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၅) End (Unicode)
Adventure✓✓✓✓ MC က FAကြီး ✓✓✓✓ ဇာတ်လမ်းအကျဉ်း ------------- လင်းဖုန်းဟာ အချိန်ခရီးသွားခဲ့ပြီး စနစ်တစ်ခုကို ရရှိခဲ့ပေမယ့် သူ့ရဲ့ဖိအားတွေဟာ တောင်လိုပဲကြီးမားပါတယ်။ "စနစ်ရဲ့ အဓိကမစ်ရှင်" လင်းဖုန်းဟာ ဂိုဏ်းတစ်ဂိုဏ်းကို တည်ထောင်ရမှာပါ။ အဲ့ဒီဂိုဏ်းလဲ ဒီကမ္ဘာမ...