စာစဥ် ၇၀ : အပိုင်း ၃
အပိုင်း ၁၃၅၃ : ဒီတိုက်ပွဲကို မင်းကြိုက်သလို တိုက်ခိုက်နိုင်တယ်
ရှီထျန်းဟောင်သည် တစ်ချိန်လုံး ဟီဂန် ရွှေရောင်တံတား အပေါ်တွင် တင်ပလ္လင်ခွေ ထိုင်နေခဲ့ခြင်း ဖြစ်သည်။သူသည် ရုတ်တရက် ထရပ်လိုက်သော အခါ သူ၏ခေါင်းပေါ်မှ စိတ်ဝိညာဥ် ပုံစံနှင့် ရွှေရောင်ပုံစံတို့ အကြားတွင် ကူးပြောင်းနေသော နတ်ဗိုလ်ချုပ် ၁၂ပါးတို့ကလည်း ရပ်တန့်သွားကြသည်။
အခြားတစ်ဘက်မှ ရှီထျန်းဟောင်၏ ကမ္ဘာဦး ထိုက်ကျိရုပ်ပုံမှ အလင်းတန်း ပုံရိပ်တစ်ခု ဖြည်းဖြည်းချင်း ထွက်ပေါ်လာသည်။ ထိုအရာမှာ အနည်းဆုံး ပေတစ်ရာခန့် ရှည်သော လူသားပုံရိပ် တစ်ခုဖြစ်၏။
ပေတစ်ရာမြင့်သော လူသားပုံရိပ်သည် ကောင်းကင်အကြားတွင် လျှောက်လှမ်းလာခဲ့ရာ မရေမတွက်နိုင်သော ကြယ်များ၊ နေမင်းများနှင့် လမင်းများတို့သည် သူ၏ ခန္ဓာကိုယ်အား လည်ပတ်နေကြသည်ကို တွေ့နိုင်သည်။ ကမ္ဘာဦး ထိုက်ကျိရုပ်ပုံကလည်း စီးဆင်းနေသော အလင်းတန်း တစ်တန်းအဖြစ်သို့ ပြောင်းသွားကာ ထိုလူသားပုံရိပ်၏ ခန္ဓာကိုယ် အတွင်းသို့ ဝင်ရောက်သွားသည်။
ထိုလူသားပုံရိပ်၏ မျက်နှာ အသွင်အပြင်များသည် ရှီထျန်းဟောင်၏ မူလ ခန္ဓာကိုယ်နှင့် လုံးဝ တူညီနေ၍ သူ၏ မျက်လုံးများကို ဖွင့်လိုက်သောအခါ အဆုံးမဲ့ အလင်းတန်းများ ပေါက်ကွဲထွက်လာ၍ အစွမ်းထက်သော မိစ္ဆာအရိပ်များက သူ၏အရှေ့တွင် ဒူးထောက်လိုက်ကာ အရိုအသေ ပြုနေကြသည်။
ကောင်းကင်ပေါ်မှ ကြီးမားလှသော မြို့တော်သည် စိတ်ဝိညာဥ် ပုံစံနှင့် ရုပ်ပုံစံ အကြားတွင် ပြောင်းလဲနေလျက် ရှိပြီး သူ၏ခေါင်းပေါ်တွင် တိတ်ဆိတ်စွာ လွင့်မျောလျက် ရှိနေခဲ့သည်။
ရှီထျန်းဟောင်၏ ရုပ်ကိုယ်ခန္ဓာသည် ဤအချိန်တွင် သူ၏ မျက်လုံးများကို ဖွင့်လိုက်ရာ သူ၏ မျက်လုံး သူငယ်အိမ်များက အဆက်မပြတ် လင်းလက်လျက် ရှိကြသည်။
မြေနဂါးဘုရင်၊ ရှန်နဂါးဘုရင်နှင့် ရှီကျုံးမောင်တို့သည် ကြည့်နေကြရင်း သူတို့၏ အကြည့်သည် ခေတ္တမျှ အေးခဲသွား၏။ ပေတစ်ရာမြင့်သော လူသားပုံရိပ်သည် ရှီထျန်းဟောင်၏ စင်စစ် ဖြစ်တည်မှုပင် ဖြစ်ပေတော့သည်။
YOU ARE READING
ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၅) End (Unicode)
Adventure✓✓✓✓ MC က FAကြီး ✓✓✓✓ ဇာတ်လမ်းအကျဉ်း ------------- လင်းဖုန်းဟာ အချိန်ခရီးသွားခဲ့ပြီး စနစ်တစ်ခုကို ရရှိခဲ့ပေမယ့် သူ့ရဲ့ဖိအားတွေဟာ တောင်လိုပဲကြီးမားပါတယ်။ "စနစ်ရဲ့ အဓိကမစ်ရှင်" လင်းဖုန်းဟာ ဂိုဏ်းတစ်ဂိုဏ်းကို တည်ထောင်ရမှာပါ။ အဲ့ဒီဂိုဏ်းလဲ ဒီကမ္ဘာမ...