အပိုင်း ၁၁၆၇-၁၁၆၈

288 23 0
                                    

စာစဥ် ၆၀ : အပိုင်း ၁၇

အပိုင်း ၁၁၆၇ : မျိုးဆက်သစ်

မူလကောင်းကင် ကမ္ဘာကြီးသည် ယခုအချိန်တွင် စစ်မြေပြင်များဖြင့် ဖုံးလွှမ်းနေကာ သွေးမြေကျနေကြသည်။ အစွမ်းထက် ကျင့်ကြံသူများ အကြားမှ အကြွင်းမဲ့ တိုက်ပွဲများကလည်း ဖြစ်ပွားနေကြပြီး သူတို့ မတိုက်ခိုက်နေကြသည့် နေရာများတွင် အဆင့်နိမ့်သော တိုက်ပွဲများကလည်း ပြင်းထန်စွာ တိုက်ခိုက်နေကြသည်။

နောက်ထပ် သီးသန့်လေဟာနယ် အလွှာတစ်ခုတွင် အနက်ရောင် ပုံရိပ်များစွာတို့သည် လေဟာနယ် အတွင်းတွင် လှုပ်ရှားနေကြကာ နားကွဲလုမတတ် အသံများကို ထုတ်လွှတ်နေကြသည်။

ကောင်းကင်နှင့် မြေကြီးတို့ အကြားတွင် လှည့်လည်နေကြသော ထူးခြားသော ဧရာမ ပိုးမွှားများ ရှိနေကာ သူတို့သည် ဧရာမ ပိုးတောင်မာများနှင့် တူနေကြသည်။ အကြီးဆုံး ပိုးမွှားမှာ တောင်ထိပ်တစ်ခု အရွယ်ရှိ၍ အသေးငယ်ဆုံးကပင် ရေစည်တစ်ခု အရွယ်ရှိသည်။

ထူးခြားသော ပုံစံနှင့် ပိုးမွှားများသည် အနက်ရောင် ကင်းမြီးကောက် ပိုးတောင်မာများ ဖြစ်ကြသည်။ သူတို့၏ တစ်ကိုယ်လုံးသည် မည်းနက်နေ၍ သူတို့၏ ဧရာမ ဝမ်းဗိုက်၏ အောက်ခြေတွင် အမြီးရှည်တစ်ခု ဆန့်တန်းနေ၏။ ထိုအမြီးသည် ကင်းမြီးကောက်၏ အမြီးကဲ့သို့ အဆစ်ပေါင်းများစွာ ပါရှိကာ အဆုံးဘက်တွင် ကွေးနေကြသည်။

ထိုအနက်ရောင် ကင်းမြီးကောက် ပိုးတောင်မာများ လှည့်လည်နေကြသော အခါ သူတို့၏ ခန္ဓာကိုယ် အနားတွင် သွေးနီရောင် အလင်းတန်းများက လည်ပတ်နေကြသည်။

သူတို့များစွာတို့က စုစည်းနေကြသော အခါ ကောင်းကင်တွင် ဒီလှိုင်းတစ်ခုက ဖုံးလွှမ်းနေသကဲ့သို့ ဖြစ်၏။ သူတို့သည် ထိုသီးသန့်လေဟာနယ် အလွှာ၏ ဝင်ပေါက်နှင့် မနီးမဝေး နေရာတွင်ရှိသော တောင်ထိပ်တစ်ခုအား ဖိအားပေးနေကြသည်။

ထိုတောင်ထိပ်ထံမှ ရုတ်တရက်ပင် အလင်းတန်း စက်ကွင်းများ တစ်ကွင်းပြီးတစ်ကွင်း ထွက်လာကာ တောင်ထိပ် တစ်ခုလုံးကို ဖုံးလွှမ်းသွား၏။ ထိုအလင်းတန်း စက်ကွင်း တစ်ခုချင်းစီသည် စက်ဝိုင်းပုံစံ စုစည်းနေသော အဖြူရောင် အလင်းတန်းများ အကြားမှ အဆောင်လက်ဖွဲ့ စကားလုံးများဖြင့် ဆက်သွယ်ထားခြင်း ဖြစ်သည်။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၅) End (Unicode)Nơi câu chuyện tồn tại. Hãy khám phá bây giờ