၁၃၃၁-၁၃၃၂

222 17 0
                                    

စာစဥ် ၆၉ : အပိုင်း ၁

အပိုင်း ၁၃၃၁ : ကြောက်မက်ဖွယ်ရာ ရုပ်အလောင်း

ယွင်ချန်းသည် သူ၏ ခန္ဓာကိုယ်အား ပြန်လည် ဖွဲ့စည်းနေသည်မှာ အောင်မြင်နေပုံ ပေါက်နေသော်လည်း လျှိုကြီးအနေဖြင့် သူ့အား ဝင်ရောက်တားဆီးရန် အချိန်မရှိခဲ့ပေ။

ကာဒီနယ်ကပ်ဘေး စဦးပိုင်း အဆင့်မှ ဟေးဒီးစ်ယွင်ချန်းသည် ဟေးဒီးစ်နင်းဖန်ထက် များစွာပို၍ သန်မာသော်လည်း လျှိုကြီးအနေဖြင့် သူ့အား အမှုမထားနိုင်ခဲ့ပေ။

အဘယ်ကြောင့်ဆိုသော် သူ၏ အစစ်အမှန် ပုံစံကို ဖော်ပြခဲ့ပြီးသော နင်းဖန်သည် သူ၏ အရှေ့သို့ ရောက်လာပြီ ဖြစ်သောကြောင့် ဖြစ်သည်။

ဟေးဒီးစ်နင်းဖန်၏ ကြောက်မက်ဖွယ်ရာ လက်သည်းများ အောက်တွင် လျှိုကြီးရှိနေသော နေရာမှ လေဟာနယ်သည် အစက်သေးသေးလေး တစ်ခုအဖြစ် ပြောင်းသွားသည်ဟု ထင်နေရသည်။ သူသည် နင်းဖန်၏ လက်သည်းများ အတွင်းသို့ ကျရောက်သွားသည်ဟု ထင်နေရ၏။

ဟေးဒီးစ်မျိုးနွယ်စုတွင် ထိုလက်စွပ်အား တန်ပြန်ရန် နည်းလမ်းတစ်ခုကို ရှာတွေ့နိုင်ခဲ့သဖြင့် လက်စွပ်သည် ယွင်ချန်းအား အပြည့်အဝ မထိန်းချုပ်နိုင်သော်လည်း လျှိုကြီးသည် ထိုလက်စွပ် ရှိနေသဖြင့် အမတန်မှ ကံကောင်းနေသည်ဟု ပြောရပေမည်။

ကျန်သော အရာများကို လျစ်လျူရှုထားလိုက်လျှင်ပင် ထိုလက်စွပ်သည် သူ့အား အချိန်အနည်းငယ် ဆွဲထားပေးနိုင်ပြီး ထိုအရာသည် လုံလောက်နေပေပြီ။ တိုက်ခိုက်နေသောသူသည် ယွင်ချန်းသာ ဖြစ်မည်ဆိုပါက သူ့အနေဖြင့် ခုခံရန် အခွင့်အရေး ရှိနိုင်မည် မဟုတ်ချေ။

ဟေးဒီးစ်များနှင့် တိုက်ခိုက်ခဲ့ဖူးသော သူများကသာ သူတို့၏ ကြောက်မက်ဖွယ်ရာ စွမ်းအားများကို သိနိုင်ကြမည် ဖြစ်သည်။

သို့သော်လည်း လျှိုကြီး၏ စွမ်းဆောင်ရည်များသည် ယွင်ချန်းနှင့် နင်းဖန်တို့အား အံ့ဩ တုန်လှုပ်စေခဲ့သည်။

နင်းဖန်သည် လျှိုကြီးအရှေ့သို့ ရောက်လာကာ သူ၏ လက်သည်းများဖြင့် ခုတ်ချလိုက်သည်။ သူ၏ လက်များအတွင်းမှ အစိမ်းရောင် အလင်းတန်းသည် လင်းလက်သွား၍ လျှိုကြီးအား အပိုင်းအစများ အဖြစ် ဆွဲဖြဲရန် ကြိုးစားနေခဲ့သည်။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၅) End (Unicode)Where stories live. Discover now