စာစဥ် ၇၄ : အပိုင်း ၂၀
အပိုင်း ၁၄၅၀ : ဘယ်သူက သေခြင်းနဲ့ ရှင်ခြင်းတို့ရဲ့ အရှင်သခင်လဲ
ဟီဂန် ရွှေရောင်တံတားသည် သက်တန့်တစ်စင်း အသွင်သို့ ပြောင်းသွားကာ ကောင်းကင်အား ထိုးဖောက်သွား အပြီးတွင် ဝဲကတော့ အပေါ်သို့ ကျရောက်လာခဲ့သည်။
ဟီဂန် ရွှေရောင်တံတား၏ တိုက်ခိုက်မှုကို ခံခဲ့ရသော အခါ ဝဲကတော့သည် ပို၍ပို၍ နှေးကွေးလာ၍ အစွမ်းထက်သော အလင်းတန်း တိုင်လုံးသည် အနည်းငယ် မှေးမှိန်သွားသည်။
ဝဲကတော့သည် ခေတ္တမျှ ငြိမ်သက်သွားကာ ဆန့်ကျင်ဘက် အရပ်မျက်နှာသို့ စတင်၍ ပြောင်းလာခဲ့သည်။ မူလက ကြီးမားလှသော ဝဲကတော့သည် လျင်မြန်စွာနှင့်ပင် အစက်တစ်ခု အဖြစ် ကျုံ့ဝင်သွားပြီး ဖုန်မှုန့်အလား သေးငယ်သည့် အလင်းစက် တစ်စက် အဖြစ်သို့ ပြောင်းသွားကာ မျက်စိကျစရာ မကောင်းတော့ပဲ အဝေးသို့ အလျင်အမြန် ရွေ့လျားသွားခဲ့သည်။
ဇူရီ၏ ရီတာအို အဆောင်လက်ဖွဲ့သည် ပို၍ တောက်ပကြည်လင်စွာ လင်းလက်လာ၍ ဟီဂန် ရွှေရောင်တံတားသည် နေရာအနှံ့တွင် ရှိနေသကဲ့သို့ ဆန့်တန်လာ၍ ထိုအလင်းစက်အား လိုက်လံ တိုက်ခိုက်ခဲ့သည်။
အလင်းစက်သည် ကောင်းကင်နှင့် မြေကြီး အကြားတွင် ဆက်လက်၍ မှိတ်တုတ်မှိတ်တုတ် လင်းလက်နေကာ နှစ်ဦးနှစ်ဘက်တို့သည် ဝိညာဥ်ပင်လယ် အတွင်းတွင် ကြောင်နှင့်ကြွက်ကဲ့သို့ ပြေးတမ်းလိုက်တမ်း ကစားနေကြသည်။
မူလရွှေခွက် အပေါ်မှ ကျားဖြူ မဟာပဏ္ဍိတသည် ဝပ်တွား၍ မနေတော့ပဲ ကောင်းကင်အတွင်းတွင် လင်းလက်နေသော အလင်းစက်အား ကြည့်နေရင်း ပြောလိုက်သည်။ "ဇူရီအနေနဲ့ ဒီလိုမျိုး ကျင့်ကြံမှု အဆင့်ကို ပိုင်ဆိုင်ထားတာ အံ့ဩဖွယ်ရာ မကောင်းပေမဲ့ ဒီတစ်ခေါက်မှာ ငါက လင်းတောက်ဟန်ရဲ့ စွမ်းအားတွေကို ကိုယ်တိုင်ကိုယ်ကျ ကြည့်ခဲ့ရတယ်… သူက တကယ့်ကို ထူးချွန် ပြောင်မြောက်လှပါတယ်"
ယန်ချင်သည် သူ၏ခေါင်းကို ညိတ်၍ ပြောလိုက်သည်။ "သူက ဒုတိယ စီနီယာ အပေါ်မှာ သူ့ရဲ့ ငရဲ ကပ်ရောဂါ မြင့်မြတ်သော အလင်းတန်းကို အသုံးမပြုနိုင်ပေမဲ့ ဒုတိယ စီနီယာရဲ့ ဟီဂန် ရွှေရောင်တံတားကို တုံ့ပြန်နိုင်ခဲ့သေးတယ်"
YOU ARE READING
ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၅) End (Unicode)
Adventure✓✓✓✓ MC က FAကြီး ✓✓✓✓ ဇာတ်လမ်းအကျဉ်း ------------- လင်းဖုန်းဟာ အချိန်ခရီးသွားခဲ့ပြီး စနစ်တစ်ခုကို ရရှိခဲ့ပေမယ့် သူ့ရဲ့ဖိအားတွေဟာ တောင်လိုပဲကြီးမားပါတယ်။ "စနစ်ရဲ့ အဓိကမစ်ရှင်" လင်းဖုန်းဟာ ဂိုဏ်းတစ်ဂိုဏ်းကို တည်ထောင်ရမှာပါ။ အဲ့ဒီဂိုဏ်းလဲ ဒီကမ္ဘာမ...