စာစဥ် ၆၃ : အပိုင်း ၁၉
အပိုင်း ၁၂၂၉ : ရွှေရုပ်လူသား ၁၂ယောက်
ရှီးလင်မြို့ အပေါ်တွင် ရောင်စဥ်ငါးမျိုး အလင်းတန်း နဂါးငါးကောင်တို့က ဝဲပျံနေကာ ဟင်းလင်းပြင် အတွင်းမှ ကောင်းကင်ပေါ်မှ မြို့တော်နှင့် ဖြည်းဖြည်းချင်း ပေါင်းစပ်သွားကြသည်။
သူ၏ ကိုယ်ပိုင် နည်းစနစ်များကို ထုတ်ဖော်နေသော ရှီထျန်းဟောင်သည် ကောင်းကင်ပေါ်မှ မြို့တော်နှင့် ဆက်သွယ်လိုက်ကာ သူ့အတွင်းမှ သဘောတရားများကို လေ့လာနေခဲ့သည်။
ဖြည်းဖြည်းချင်းနှင့် ကောင်းကင်ပေါ်မှ မြို့တော်သည် ပြောင်းလဲမှု အသစ်များ ဖြစ်လာကာ မြစိမ်းရောင် တိမ်တိုက်များဖြင့် ဖုံးလွှမ်းထားသော ဧရာမ မြို့တော်သည် အလင်းတန်းများဖြင့် လင်းလက်လာသည်။
မြို့နံရံများက အလင်းတန်းများဖြင့် လွှမ်းခြုံနေခြင်း မဟုတ်ပဲ အလင်းတန်းများက မြို့နံရံများ အတွင်းမှ ထွက်ပေါ်လာခဲ့ခြင်းလည်း မဟုတ်ခဲ့ပေ။ ဤအချိန်တွင် ဧရာမ မြို့တစ်ခုလုံးက အလင်းတန်းများ အဖြစ်သို့ ပြောင်းသွားခဲ့ခြင်း ဖြစ်သည်။
သိပ်သည်း ထူထဲလှသော နံရံများသည် ဤအခိုက်အတန့်တွင် စီးဆင်းနေသော အလင်းတန်းများ အဖြစ်သို့ ပြောင်းသွားသည်နှင့် တူနေခဲ့ကာ စွမ်းအင်များ အဖြစ်သို့ ပြောင်းသွားခဲ့သည်။
အချိန်တစ်ခဏလေး အတွင်းတွင် ကောင်းကင်ပေါ်မှ မြို့တော် တစ်ခုလုံးသည် တိမ်များအပေါ်တွင် ထိုင်နေသော အလင်းတန်းများဖြင့် လုံးဝ ဖွဲ့စည်းထားသော မြို့တစ်မြို့ အဖြစ်သို့ ပြောင်းသွား၏။
ဤအရာကို မြင်လိုက်ရသော အခါ ရှီးလင်မြို့ အတွင်းမှ ရှီကျုံးထန်းက အနည်းငယ် အံ့အားသင့်သွားသည်။ "ရှီထျန်းဟောင်… သူက ကောင်းကင်ပေါ်က မြို့တော်ကို ဒီလောက်အထိ အသွင်ပြောင်းနိုင်ခဲ့ပြီ… ဒါပေမဲ့…"
ရှီကျုံးထန်း၏ ရင်အတွင်းမှ လေးလံစွာ ခံစားလိုက်ရသည်။ "ကောင်းကင်ပေါ်က မြို့တော်ဟာ ဒီပုံစံနဲ့ ဆိုရင်… အစောပိုင်းက ပုံစံလောက် ခံစစ်စွမ်းအား မကောင်းဘူး"
YOU ARE READING
ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၅) End (Unicode)
Adventure✓✓✓✓ MC က FAကြီး ✓✓✓✓ ဇာတ်လမ်းအကျဉ်း ------------- လင်းဖုန်းဟာ အချိန်ခရီးသွားခဲ့ပြီး စနစ်တစ်ခုကို ရရှိခဲ့ပေမယ့် သူ့ရဲ့ဖိအားတွေဟာ တောင်လိုပဲကြီးမားပါတယ်။ "စနစ်ရဲ့ အဓိကမစ်ရှင်" လင်းဖုန်းဟာ ဂိုဏ်းတစ်ဂိုဏ်းကို တည်ထောင်ရမှာပါ။ အဲ့ဒီဂိုဏ်းလဲ ဒီကမ္ဘာမ...