စာစဥ် ၇၅ : အပိုင်း ၆
အပိုင်း ၁၄၅၆ : သေမင်းပင်လယ် အတွင်းမှလူ
လင်းဖုန်းသည် သေမင်းပင်လယ် အက်ကွဲကြောင်း အတွင်းသို့ အဝေးမှ နေ၍ လှမ်းကြည့်လိုက်သော အခါ ထိန်လင်းနေသော မဟာတာအို လမ်းကြောင်းတစ်ခုသည် သေမင်းပင်လယ် အတွင်းသို့ ဆန့်တန်းသွားနေခဲ့သည်ကို တွေ့လိုက်ရသည်။
ထိုလမ်းကြောင်းသည် အကွာအဝေးနှင့် ဦးတည်ချက် သဘောတရားများကို လိုက်နာနေဟန် မတူပဲ သေမင်းပင်လယ် အတွင်းတွင် သူ၏ တည်နေရာအား ဖော်ပြရန် ခက်ခဲလှကာ သေမင်းပင်လယ် အတွင်းသို့ ပို၍ပို၍ နက်ရှိုင်းစွာ ဝင်ရောက်သွားနေခဲ့သည်။
ငြိမ်သက်နေသော သေမင်းပင်လယ် အတွင်းတွင် ပုံရိပ်နှစ်ခု ပေါ်လာသကဲ့သို့ ဖြစ်လာသည်။
ထိုပုံရိပ် နှစ်ခုတို့သည် သေမင်းပင်လယ်၏ အလယ်တွင် ရှိနေကြကာ ကြီးမားလွန်းလှသဖြင့် သေမင်းပင်လယ် တစ်ခုလုံးအား ပြည့်တော့မည်ဟုပင် ထင်နေရပြီး အလွန်အမင်း ခန့်မှန်းရ ခက်နေခဲ့သည်။
ထိုလမ်းကြောင်း ရှေ့ဆက်လာသည်နှင့် အမျှ ထိုပုံရိပ် နှစ်ခုတို့အား ပို၍ ကြည်လင်စွာ ဖော်ပြနိုင်ခဲ့သည်။ သူတို့သည် ငြိမ်သက် တိတ်ဆိတ်နေသော နေရာတစ်ကွက်တွင် ရှိနေခဲ့၍ လမ်းကြောင်းသည် သူတို့ ရှိနေသည့် နေရာနှင့် ဆက်သွယ်နေသကဲ့သို့ ထိုနေရာတိုင်အောင် ဆန့်တန်းလာခဲ့ကာ သေမင်းပင်လယ်၏ အတွင်းနှင့် အပြင်တို့အား တံတားပမာ ဆက်သွယ်ထားပေးခဲ့သည်။
မဟာကမ္ဘာ၊ သေမင်းပင်လယ်နှင့် ဝိညာဥ်ပင်လယ်တို့သည် ဤအချိန်တွင် နီးကပ်စွာ ဆက်သွယ်သွားကြပြီး အတူတကွ စတင်၍ တုန်ခါလာကြသည်။
ထိုပြောင်းလဲမှုများ အပြီးတွင် သေမင်းပင်လယ် အတွင်းမှ ပုံရိပ် နှစ်ခုတို့သည် အားလုံးတို့၏ မျက်လုံးများ အတွင်းတွင် ပို၍ ကြည်လင်လာခဲ့သည်။
လင်းဖုန်းက လှမ်းကြည့်လိုက်ရာ ပုံရိပ်တစ်ခု၏ အရွယ်အစားသည် ကြီးမားသည် သို့မဟုတ် သေးငယ်သည်ဟု ဖော်ပြ၍ မရပဲ တစ်ချိန်တည်းတွင် နှစ်မျိုးစလုံး ဖြစ်နေသည်ဟု ထင်နေရ၍ သူ၏ အရွယ်အစားကို ခန့်မှန်းရန် မလွယ်လှချေ။
YOU ARE READING
ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၅) End (Unicode)
Adventure✓✓✓✓ MC က FAကြီး ✓✓✓✓ ဇာတ်လမ်းအကျဉ်း ------------- လင်းဖုန်းဟာ အချိန်ခရီးသွားခဲ့ပြီး စနစ်တစ်ခုကို ရရှိခဲ့ပေမယ့် သူ့ရဲ့ဖိအားတွေဟာ တောင်လိုပဲကြီးမားပါတယ်။ "စနစ်ရဲ့ အဓိကမစ်ရှင်" လင်းဖုန်းဟာ ဂိုဏ်းတစ်ဂိုဏ်းကို တည်ထောင်ရမှာပါ။ အဲ့ဒီဂိုဏ်းလဲ ဒီကမ္ဘာမ...