စာစဥ် ၆၄ : အပိုင်း ၁၅
အပိုင်း ၁၂၄၅ : ဘိုးတော်စုတ်နဲ့ ငရူး၊ မင်းတို့ နှစ်ယောက်စလုံးက အလကားပဲ
စန်းချီဖန်း၏ ဖြူဖျော့နေသော မျက်နှာကြောင့် သူသည် ယန်ချင်၏ မဟာလမင်း၏ တစ်ကိုယ်တည်း အနားယူခြင်းကြောင့် အသက်မသေခဲ့သော်လည်း ဒဏ်ရာများ ရရှိခဲ့သည်ဟု သိသာနေသည်။
သူသည် ယန်ချင်အား စိုက်ကြည့်နေကာ ယန်ချင်၏ မျက်နှာသည် သူ၏ စိတ်အတွင်းမှ ကစဥ့်ကလျား ဖြစ်မှုများကြောင့် ရှုံ့မဲနေသည်ကို တွေ့လိုက်ရသည်။
စန်းချီဖန်းက မေးလိုက်သည်။ "ခင်ဗျားက သူ့စိတ်အတွင်းမှာ ကြောက်ရွံ့မှုတွေကို ထည့်သွင်းလိုက်ပြီလား… သူ့ကို ကြည့်ရတာ သူ့ရဲ့ ကြောက်ရွံ့မှုတွေကို အတတ်နိုင်ဆုံး ကြိုးစား ဖိနှိပ်နေရတဲ့ ပုံပဲ"
စီးခုံးယူက မှတ်ချက်ပြုလိုက်သည်။ "အားလုံးတို့က ကြောက်ရွံ့မှု ကင်းမဲ့နေချင်ကြတာပဲ… ဒါပေမဲ့ သူတို့ဟာ ကြောက်ရွံ့မှုက အမှန်ဆိုရင် ငါတို့ကို ပိုပြီးမှ တိုးတက်ပြီး သန်မာအောင် လုပ်ပေးနိုင်တယ် ဆိုတာကို မသိကြဘူး"
သူက ဆက်ပြောလိုက်၏။ "ကြောက်ရွံ့မှုဟာ ငါတို့ရဲ့ အကြီးမားဆုံး ပြဿနာ အရင်းအမြစ် ဖြစ်သလို အကြီးမားဆုံး လှုံ့ဆော်မှုလည်း ဖြစ်တယ်… သူက ကမ္ဘာအတွင်းမှာ အသန်မာဆုံး စွမ်းအား အရင်းအမြစ် ဖြစ်တယ်"
"ကျင့်ကြံသူတွေက ကျင့်ကြံမှု ပညာရပ်တွေကို အကောင်းဆုံး ကြိုးစားကြတာဟာ သဘာဝ သေမင်းဖြစ်စဥ်ကို ခုခံချင်လို့ပဲ… ဒါက ကြောက်ရွံ့မှုရဲ့ စွမ်းအား မဟုတ်ဘူးလား"
"ရွှေရောင်ဗဟိုချက်၊ အခြေတည်ဝိညာဥ်နဲ့ အင်မော်တယ် ဝိညာဥ်တို့ကို ဖန်ဆင်းရတဲ့ ဖြစ်စဥ်… မှော်ရတနာတွေကို ထုလုပ်ရခြင်း… သန်မာတဲ့ မှော်စွမ်းအင်နဲ့ နည်းစနစ်တွေ… ဒါတွေက ကြောက်ရွံ့မှုက လှုံ့ဆော်ပေးခဲ့တာပဲ"
"ကြောက်ရွံ့မှုရဲ့ စွမ်းအားဟာ တကယ်ကိုပဲ သန်မာလှတယ်"
စန်းချီဖန်းက အသာ ပြန်ပြောလိုက်သည်။ "ကျုပ်က ဝူကွမ်းဘုရင်ရဲ့ သဘောတရားတွေကို တကယ်ပဲ အထင်ကြီးမိပါတယ်… ဒါပေမဲ့ ကျုပ်တို့က သူ့ကို အမြန်ဆုံး ဖြေရှင်းမှ ဖြစ်မယ်လို့ အခိုင်အမာ အကြံပြုပါတယ်"
YOU ARE READING
ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၅) End (Unicode)
Adventure✓✓✓✓ MC က FAကြီး ✓✓✓✓ ဇာတ်လမ်းအကျဉ်း ------------- လင်းဖုန်းဟာ အချိန်ခရီးသွားခဲ့ပြီး စနစ်တစ်ခုကို ရရှိခဲ့ပေမယ့် သူ့ရဲ့ဖိအားတွေဟာ တောင်လိုပဲကြီးမားပါတယ်။ "စနစ်ရဲ့ အဓိကမစ်ရှင်" လင်းဖုန်းဟာ ဂိုဏ်းတစ်ဂိုဏ်းကို တည်ထောင်ရမှာပါ။ အဲ့ဒီဂိုဏ်းလဲ ဒီကမ္ဘာမ...