အပိုင်း ၁၄၆၆ : အဆုံးစွန် ဧကရာဇ် ရှန်းယွမ်အား ဖိနှိပ်ခြင်း

152 18 0
                                    

စာစဥ် ၇၅ : အပိုင်း ၁၆

အပိုင်း ၁၄၆၆ : အဆုံးစွန် ဧကရာဇ် ရှန်းယွမ်အား ဖိနှိပ်ခြင်း

ကောင်းကင်စကြာဝဠာ အလင်းတန်းကမ္ဘာ အတွင်းတွင် စီးဆင်းနေသော အလင်းတန်းများသည် စစ်တုရင်ခုံ အပေါ်၌ ပေါ်လာခဲ့သည်။

အဖြူနှင့် အနက်ရောင် စစ်တုရင်ရုပ်များသည် စစ်တုရင်ခုံ အပေါ်တွင် မလှုပ်မရှား ရှိနေကြသေး၍ စစ်တုရင်ခုံပေါ်မှ ကန့်လန်ဖြတ်မျဥ်းများသည် စတင်၍ လင်းလက်လာခဲ့ကာ အလင်းတန်းများက ကောင်းကင်ပေါ်သို့ ထိုးတက်သွားကြသည်။

အလင်းတန်းများသည် ကောင်းကင်စကြာဝဠာ အလင်းတန်း ကမ္ဘာ အတွင်းမှ စီးဆင်းထွက်လာ၍ ကစဥ့်ကလျားမှုများ အတွင်းသို့ ကျရောက်သွားကြသည်။ သူတို့သည် အလွန်အမင်းကို သိပ်သည်းနေ၍  ကောင်းကင်နှင့် မြေကြီး တစ်ခုလုံးအား စစ်တုရင် ကစားပွဲ တစ်ခုလုံး အဖြစ်သို့ ပြောင်းသွားမည့်ပုံ ပေါက်နေကြသည်။

ဤစစ်တုရင် ကစားပွဲ၏ လွှမ်းခြုံမှုကို ခံခဲ့ရသော အခါ ရှန်းယွမ်သည် သူက မူလကောင်းကင် ကမ္ဘာမှ ကင်းကွာသွား၍ နောက်ထပ် မဟာကမ္ဘာ တစ်ခုအတွင်းသို့ ရောက်သွားသည်ဟု ခံစားခဲ့ရသည်။

သူသည် မျက်မှောင်များကို ကြုတ်လိုက်၍ သူ၏ သွေးနီရောင် မျက်လုံး သူငယ်အိမ်များက လင်းလက်လာပြီး အပေါ်သို့ ခုန်တက်တော့မည် ဟန်ပြင်လိုက်သည်။

သူသည် ဉာဏ်ပညာ ဘုရင်၏ ငရဲမီးများကို ရှောင်ရှားခဲ့သကဲ့သို့ မဟာတာအို၏ သဘောတရားများကို တွန့်လိမ်ကာ လင်းဖုန်းအား ဆက်လက် တိုက်ခိုက်နေခဲ့ပြီး သူအပိတ်ခံနေရသည့် ကမ္ဘာထံမှ လွတ်မြောက်ရန် ကြိုးစားလိုက်သည်။

သို့သော်လည်း တော်ဝင်ကောင်းကင် ဝင်္ကပါသည် သူခုန်လိုက်မည် ကြိုးစားခဲ့တိုင်း မရေမတွက်နိုင်သော အလင်းတန်း ပုံရိပ်များဖြင့် လင်းလက်လာကာ စစ်တုရင်ခုံ အပေါ်သို့ ကျရောက်သွားပြီး စစ်တုရင်ရုပ်များ အဖြစ်သို့ ပြောင်းသွားခဲ့သည်။

ဤလှုပ်ရှားမှုသည် ရှန်းယွမ်၏ အစွန်းရောင် စိတ်ဝိညာဥ် နတ်ကောင်းချီး မင်္ဂလာအား ပျောက်ကွယ်သွားစေခဲ့သည်။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၅) End (Unicode)Where stories live. Discover now