၁၂၂၁-၁၂၂၂

281 19 0
                                    

စာစဥ် ၆၃ : အပိုင်း ၁၁

အပိုင်း ၁၂၂၁ : လင်းဖုန်းနှင့် ဟေးဒီးစ်တို့၏ တိုက်ပွဲ

ဟင်းလင်းပြင် အတွင်း၌ ပုံရိပ်ယောင်နေမင်း ဟေးဒီးစ်သည် ဟေးဒီးစ်တို့၏ အန္တိမ ထူးခြားဆန်းကြယ်သော စွမ်းအင်ကို ထိန်းထားရင်း ယုကျင်းတောင်ထိပ်ပေါ်မှ လင်းဖုန်းအား တည်ငြိမ်စွာဖြင့် ကြည့်နေခဲ့သည်။

"အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်း ခေါင်းဆောင်လား… ထင်ထားတဲ့ အတိုင်းပဲ… ကျုပ်တို့က မကြာခင်မှာ ပြန်တွေ့ခဲ့ကြတယ်" သူက ခံစားချက် ကင်းမဲ့စွာဖြင့် ပြောလိုက်၏။

လင်းဖုန်းသည်လည်း ပုံရိပ်ယောင်နေမင်း ဟေးဒီးစ်ကို စိုက်ကြည့်နေကာ သူ၏ နှုတ်ခမ်းများတွင် အပြုံးဖွဖွလေး ပေါ်လာခဲ့သည်။ "ဟေးဒီးစ်… ၁၂ယောက်မြောက်… ပုံရိပ်ယောင်နေမင်း"

"ခင်ဗျားက ဒီနေရာမှာ ပေါ်လာတယ်ဆိုတော့ လင်းယွမ်တောင်တန်း အပေါ်မှာ ရှေးဟောင်းလူဝံ မိစ္ဆာတွေက ပြန်ပေါ်လာတော့မှာပေါ… ရှေးဟောင်းလူဝံ မိစ္ဆာတွေရဲ့ လက်ရှိခေါင်းဆောင်က ဘယ်သူများလဲ… ရွှမ်ကန်း ကောင်းကင် ဂရန်းမာစတာလား"

ပုံရိပ်ယောင်နေမင်း ဟေးဒီးစ်သည် တည်ငြိမ်စွာဖြင့် ပြောနေရင်း သူ၏ အကြည့်သည် တစ်စုံတစ်ယောက်နှင့် ဆက်သွယ်နေခဲ့သကဲ့သို့ လင်းလက်နေ၏။

သို့သော်လည်း လျင်မြန်စွာဖြင့်ပင် သူ၏ အကြည့်တွင် အနည်းငယ် အံ့အားသင့်သော ပုံစံ ပေါက်လာခဲ့ပြီး ထပ်ဖန်တစ်ခါ လင်းဖုန်းအား ခြေစမှနေ ခေါင်းဆုံးအထိ အသေအချာ ကြည့်လိုက်သည်။

"ခင်ဗျားက ဒီလိုမျိုးလည်း လုပ်နိုင်သေးတာလား… ခင်ဗျားက အဲ့ဒီနေရာကနေ ထွက်လာပေမဲ့ ရှေးဟောင်းလူဝံ မိစ္ဆာတွေကို လင်းယွမ်တောင်တန်းမှာ ချုပ်နှောင်နိုင်ခဲ့သေးတယ်… တကယ်ကို မျှော်မှန်းမှုတွေကနေ ကျော်လွန်သွားခဲ့တယ်… ကြည့်ရတာ ကျုပ်က ခင်ဗျားကို အစောပိုင်းက လျှော့တွက်ထားခဲ့မိတာပဲ"

ပုံရိပ်ယောင်နေမင်း ဟေးဒီးစ်သည် လင်းဖုန်းအား စိုက်ကြည့်နေရင်း သူ၏ အမူအရာသည် လေးနက် ခက်ထန်လာခဲ့သည်။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၅) End (Unicode)Where stories live. Discover now