အပိုင်း ၁၄၇၆ : အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းက နောက်တစ်ဆင့် ဘာလုပ်မှာလဲ

236 22 0
                                    

စာစဥ် ၇၆ : အပိုင်း ၆

အပိုင်း ၁၄၇၆ : အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းက နောက်တစ်ဆင့် ဘာလုပ်မှာလဲ

ဇူရီ၊ ရှီထျန်းဟောင်နှင့် ယွဲ့ဟုန်ယန်တို့သည် ယန်ချင်၏ လက်ရှိ အခြေအနေကို တွေ့ခဲ့ရသော အခါ ငြိမ်သက်နေကြ၍ သူ့အနားသို့ စုဝေးလာကြသည်

ယန်ချင်၏ နှုတ်ခမ်းများသည် တုန်သွား၍ ဘာမှ မပြောခဲ့သော်လည်း သူ၏ခေါင်းကို မော့လိုက်၍ ဇူရီနှင့် ကျန်သောသူများကို ခေါင်းညိတ်ပြလိုက်ကာ သူ၏ ခံစားချက်များသည် ဖြည်းဖြည်းချင်း ပြန်လည်၍ တည်ငြိမ်လာခဲ့သည်။

သူ၏ အကြည့်သည် ယမမင်း တော်ဝင်စံအိမ် အတွင်းရှိ ဘဝသုံးမျိုး ကျောက်တုံး၌ ရောင်ပြန်ဟပ်နေသော အလင်းတန်းဘီး အပေါ်သို့ ကျရောက်သွားသည်။

ထိုဘီးသည် ဆန့်ကျင်ဘက် လည်ပတ်နေဆဲ ဖြစ်နေပြီး ဝေဝါးသော လူသားပုံရိပ် တစ်ခုသည် သူ့အတွင်း၌ အဆက်မပြတ် တုန်ခါနေခဲ့သည်။

ယန်ချင်သည် ထိုလူသားပုံရိပ်အား တယုတယ ကြည့်နေရင်း ဘာမှ မပြောခဲ့ပဲ သူ၏ မျက်လုံးများသည် ထိုအလင်းတန်း ပုံရိပ်ထံမှ လုံးဝ မခွာခဲ့ပေ။

လင်းဖုန်း၏ အသံသည် မိုးကုပ်စက်ဝိုင်းထံမှ ပျံ့လွင့်လာခဲ့သည်။ "မင်းက ရလဒ်ကို ရက်အနည်းငယ် စောင့်ကြည့်ရမှာ ဖြစ်တယ်… စိတ်မပူပါနဲ့… ယန်ချင်… မင်းက ဝိညာဥ်ပင်လယ် အတွင်းမှာ ဝမ်လင်းနဲ့ အတူ နောက်ရက်အနည်းငယ် ဆက်နေနိုင်တယ်"

ဝမ်လင်းနှင့် ယန်ချင်တို့ နှစ်ယောက်စလုံးက ခေါင်းညိတ်လိုက်ကြပြီး ယန်ချင်သည် ကောင်းကင်ပေါ်သို့ ခုန်တက်သွား၍ ဖန်းတုန်း သုသာန်ထံသို့ ရောက်သွားခဲ့သည်။ ဝမ်လင်းသည် သူ၏ လက်ချောင်းဖြင့် ညွှန်ပြလိုက်ကာ သူ၏ မှော်စွမ်းအင်များကို အသုံးပြု၍ သူ၏ ဂျူနီယာအား ယမမင်း တော်ဝင်စံအိမ် အတွင်းသို့ ခေါ်လိုက်သည်။

ထိုက်ရီသူတော်စင်နှင့် ကျန်သောသူများသည် ဝိညာဥ်ပင်လယ် အပြင်ရှိ ဟင်းလင်းပြင်မှ ကြည့်နေကြ၍ အချင်းချင်း အကြည့်ချင်း ဖလှယ်လိုက်ကာ ပြောလိုက်သည်။ "သူက ဟေးဒီးစ်ဧကရာဇ် အထွတ်အထိပ် အချိန်ကလောက် အစွမ်းမထက်ပေမဲ့ သေခြင်းနဲ့ ရှင်ခြင်း ပညာရပ်ကို နားလည် ထိန်းချုပ်နိုင်မှုမှာ ဟေးဒီးစ် ဧကရာဇ်ထက်တောင် ပိုပြီးမှတောင် ခရီးရောက်နိုင်ခဲ့တယ်နဲ့ တူတယ်"

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၅) End (Unicode)Where stories live. Discover now