၁၃၆၇-၁၃၆၈

224 19 0
                                    

စာစဥ် ၇၀ : အပိုင်း ၁၇

အပိုင်း ၁၃၆၇ : ငရဲကမ္ဘာ ပင်လယ်အား ကျင့်ကြံခြင်း

ရက်နှစ်ရက်သည် လျင်မြန်စွာနှင့် ကုန်လွန်သွားသည်။ ရှောင်ယန်သည် လီယွမ်ဖန်းအား စိတ်ပျက်စေခဲ့သည်။ သူသည် နောက်ဆုံး သတ်မှတ်ထားသော ရက်ကို ကျော်လွန်သွားသော်လည်း တံခါးပိတ် ကျင့်ကြံနေရာမှ ထွက်မလာခဲ့သေးချေ။

ထိုအရာသည် ဇူရီ၊ ဝမ်လင်းနှင့် ကျန်သောသူများအား ကူရာမဲ့စေခဲ့သည်။ ယန်ချင်က နှစ်သိမ့်လိုက်သည်။ "ဘာပဲပြောပြော အစ်ကိုကြီးကို ဆွဲချလိုနေတဲ့ အဖွဲ့က နှစ်ဖွဲ့ ရှိနေတယ်… စီစဥ်ထားသလို ဖြစ်မလာခဲ့တာကလည်း လုံးဝ လက်မခံနိုင်တဲ့ အရာတစ်ခု မဟုတ်ပါဘူး"

ပုံမှန်ဆိုလျှင် အလေးနက်ဆုံး ဖြစ်သည့် လီယွမ်ဖန်းကပင် ယန်ချင်၏ စကားများကို ကြားခဲ့ရသော အခါ သူ၏ခေါင်းကို ညိတ်လိုက်ကာ သက်ပြင်းတစ်ချက် ချ၍ ပြောလိုက်သည်။ "တကယ်လို့ အစ်ကိုကြီးက ဒီကနေ့မှာ တံခါးပိတ် ကျင့်ကြံတာကနေ ထွက်မလာခဲ့ရင်လည်း ပြဿနာတော့ မဟုတ်ပါဘူး… ဒါပေမဲ့ တကယ်လို့ အကြာကြီး ဖြစ်သွားရင် ငါတို့ကလည်း တတ်နိုင်မှာ မဟုတ်ဘူး"

တစ်ဘက်တွင် ရပ်နေသော ယွဲ့ဟုန်ယန်က ပြောလိုက်သည်။ "ထုံးတမ်းစဥ်လာ အရတော့ အစ်ကိုကြီးက ရှိမနေလည်း ရတယ်… ဒါပေမဲ့ သူက ကျန်းအာ မိန်းကလေးနဲ့ မတွေ့ရတာ အကြာကြီး ရှိနေပြီး သူတို့က တွေ့ဖို့ ချိန်းထားကြတယ်"

ယန်ချင်က ပြောလိုက်သည်။ "ဆယ်ရက်တောင် ကျန်သေးတာပဲ… အစ်ကိုကြီးက ထွက်ရင် ထွက်လာမှာပေါ့"

ထိုဆယ်ရက်မှာ အကယ်၍ အရေးပေါ် အခြေအနေများ ပေါ်လာပါက အသုံးပြုနိုင်ရန် ချန်ထားခဲ့ခြင်း ဖြစ်သည်။ ကျင့်ကြံသူများ အတွက် ဆယ်ရက်သည် ဘာမှ မဟုတ်ပေ။ တံခါးပိတ်၍ တစ်ခါ ကျင့်ကြံလျှင် ဆယ်ရက်မကပဲ ဆယ်နှစ် ဖြစ်သွားနိုင်ကာ တစ်ခါတစ်ရံတွင် နှစ်ပေါင်းတစ်ရာပင် ဖြစ်သွားနိုင်သည်။

သို့သော်လည်း ယန်ချင်နှင့် ကျန်သောသူများ၏ အဆင့်တွင် သူတို့သည် အချိန်ကို သေချာတိကျစွာ ထိန်းချုပ်နိုင်စွမ်း ရှိနေခဲ့ပြီ ဖြစ်သည်။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၅) End (Unicode)Where stories live. Discover now