စာစဥ် ၆၀ : အပိုင်း ၁၁
အပိုင်း ၁၁၆၁ : လူသားများအတွက် အရာအားလုံး ကောင်းနေသည်
ကျူးကျန်း မဟာပဏ္ဍိတအား အောင်မြင်စွာ သတ်ဖြတ်နိုင်ခဲ့အပြီးတွင် ဝမ်လင်းသည် အန္တရာယ် ကြီးမားသော အခြေအနေတွင်သာ ရှိနေသေးသည်။ နောက်ကျိရေလှိုင်း မိစ္ဆာမြားသည် အလွန်တရာမှပင် ကြီးစိုး လွှမ်းမိုးနိုင်ကာ ခက်ထန် ကြမ်းကြုတ်လှ၏။
ဝမ်လင်းသည် ပြန်လည်မွေးဖွားခြင်း မှော်ကျိန်စာအား အသုံးပြုကာ သူ၏ အင်မော်တယ် ဝိညာဥ်ကို ပြန်လည် ဖွဲ့စည်းထားခဲ့သော်လည်း သူ၏ ဒဏ်ရာများမှာ ရှိနေသေးသည်။ သူတို့သည် အသက်ကို ခြိမ်းခြောက်နိုင်စွမ်း မရှိကြတော့သော်လည်း သူ၏ ခန္ဓာကိုယ် အခြေအနေအပေါ်၌ အကျိုးသက်ရောက်မှု ရှိနေကြသေးကာ သူ့အား အားအင် ကင်းမဲ့စေသည်။
သို့သော်လည်း ဝမ်လင်း၏ အကြည့်သည် စွမ်းအားများဖြင့် ပြည့်နှက်နေဆဲ ဖြစ်ကာ သူ၏ မျက်လုံးများ အတွင်းမှ အလင်းတန်းများ စီးဆင်းနေ၍ ကောင်းကင်နှင့် မြေကြီးတို့၏ လမ်းစဥ်ကို ရောင်ပြန်ဟပ်နေသည်။
ရန်သူ၏ ဖိနှိပ်မှုအောက်တွင် သူ၏ ကောင်းကင်နှင့် မြေကြီးတို့၏ လမ်စဥ်အပေါ် နားလည်မှုမှာ တိုးတက်နိုင်ခဲ့သည်။ ထိုမှတဆင့် သူသည် ကျူးကျန်း မဟာပဏ္ဍိတကို သတ်ဖြတ်နိုင်သည့် အကွက်အသစ် တစ်ခုကို အသုံးပြုနိုင်ခဲ့သည်။
ဤကဲ့သို့ ပြုလုပ်မှု ဖြစ်စဥ်အတွင်းတွင် သူ၏ မဟာတာအိုအား နားလည်မှုကို ထပ်မံ၍ အားဖြည့်ခဲ့ရသည်။ ထို့ကြောင့် သူ၏ နားလည် သဘောပေါက်မှုကို အကြီးအကျယ် တိုးတက်စေခဲ့သည်။
သူစတင်၍ ကျင့်ကြံခဲ့စဥ်ကတည်းက သူ၏ ကောင်းကင်နှင့် မြေကြီးတို့အပေါ်၌ နားလည်မှုသည် ယခုအချိန်တွင် အကြီးမားဆုံး ဖြစ်နေသည်ဟု ဝမ်လင်းက ခံစားနေရသည်။
ဤအချိန်တွင် သူ၏ ခန္ဓာကိုယ် အတွင်းတွင် ပဋိပက္ခများ ဖြစ်နေခဲ့သည်။ သူသည် အလွန်အမင်းကို ပင်ပန်းအားနည်းနေခဲ့သော်လည်း သူ၏ စိတ်ဝိညာဥ် တာဝါမှ မှေးမှိန်နေသော အလင်းတန်းသည် အချိန်ကြာလာသည်နှင့် အမျှ ပို၍ပို၍ တောက်ပလာသည်။
YOU ARE READING
ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၅) End (Unicode)
Adventure✓✓✓✓ MC က FAကြီး ✓✓✓✓ ဇာတ်လမ်းအကျဉ်း ------------- လင်းဖုန်းဟာ အချိန်ခရီးသွားခဲ့ပြီး စနစ်တစ်ခုကို ရရှိခဲ့ပေမယ့် သူ့ရဲ့ဖိအားတွေဟာ တောင်လိုပဲကြီးမားပါတယ်။ "စနစ်ရဲ့ အဓိကမစ်ရှင်" လင်းဖုန်းဟာ ဂိုဏ်းတစ်ဂိုဏ်းကို တည်ထောင်ရမှာပါ။ အဲ့ဒီဂိုဏ်းလဲ ဒီကမ္ဘာမ...