စာစဥ် ၆၀ : အပိုင်း ၉
အပိုင်း ၁၁၅၉ : မင်းကသေပြီ
ဝမ်လင်းသည် ငရဲကမ္ဘာ အကြွင်းမဲ့ရေများဖြင့် သူ၏ ခန္ဓာကိုယ်အား ပြန်လည်ဖွဲ့စည်းနိုင်ခဲ့ကာ သေမင်းမှနေ၍ လွတ်မြောက်နိုင်ခဲ့သည်။ အခြားသူများက ဘာဖြစ်သွားသည်ကို မသိနိုင်ခဲ့လျှင် နားလည်နိုင်သေးသော်လည်း ရှုအန်ဒါက တွေ့လိုက်သော အခါ သူ၏ မျက်လုံးများက ကျဥ်းမြောင်းသွား၍ သူ့ကိုယ်သူ တွေးလိုက်သည်။
"ငရဲကမ္ဘာ နိဗ္ဗာန်လား… ငရဲကမ္ဘာ နိဗ္ဗာန်ကျမ်းစာ အထဲက အစွမ်းအထက်ဆုံး မှော်ကျိန်စာ… ဒါပေမဲ့ သူက ငရဲကမ္ဘာ နိဗ္ဗာန် တာအိုသစ်သီးကို ဖန်ဆင်းနိုင်ပြီးမှ ပြန်လည်မွေးဖွားခြင်း မှော်ကျိန်စာ အနေနဲ့ အကျိုးသက်ရောက်မှု ရှိတာ"
အဝါရောင်ရေစမ်း စေတန်ဂိုဏ်းကို တည်ထောင်ခဲ့သော ငရဲကမ္ဘာ ဘုန်းတော်ကြီးသည် သေမင်းဧကရာဇ်၏ ဒုတိယ တပည့်ဖြစ်ကာ ရှုအန်ဒါ၏ စီနီယာလည်း ဖြစ်သည်။ သူတို့နှစ်ယောက်တို့သည် အချင်းချင်း တစ်ခါမှ မဆက်ဆံခဲ့ဖူးကြသော်လည်း ရှုအန်ဒါသည် ငရဲကမ္ဘာ နိဗ္ဗာန်ကျမ်းစာ အကြောင်းကို အသေးစိတ် သိထားသည်။
ငရဲကမ္ဘာ နိဗ္ဗာန်ကျမ်းစာ၏ အစွမ်းအထက်ဆုံး မှော်ကျိန်စာသည် တိုက်စစ် သို့မဟုတ် ခံစစ် စွမ်းအားများ အပေါ်၌ အာရုံမစိုက်ထားပေ။ ထို့အစား သူသည် အန္တိမ ပြန်လည်မွေးဖွားခြင်း မှော်ကျိန်စာ တစ်ခုသာ ဖြစ်ကာ အဝါရောင် ရေစမ်း စေတန်ဂိုဏ်း ရှိနေစဥ် အချိန်က အတော်လေးကို ဂုဏ်သတင်း ကျော်ကြားသည်။
ရှုအန်ဒါသည် ဝမ်လင်းက ငရဲကမ္ဘာ ပုတီးလုံးအား ပိုင်ဆိုင်ထားသဖြင့် ငရဲကမ္ဘာ နိဗ္ဗာန် ကျမ်းစာအား လေ့ကျင့်နိုင်ခဲ့သည်ကို မအံ့ဩနေခဲ့ပေ။ သို့သော်လည်း ဝမ်လင်းသည် အင်မော်တယ် ဝိညာဥ် ပထမ အဆင့်တွင်သာ ရှိနေချိန်တွင် ငရဲကမ္ဘာ နိဗ္ဗာန် မှော်ကျိန်စာအား အသုံးပြုနိုင်ခဲ့သည်ကို ပါးစပ်အဟောင်းသား ဖြစ်နေခဲ့သည်။
"နေပါဦး… ဒါက တကယ့် ငရဲကမ္ဘာ နိဗ္ဗာန် မှော်ကျိန်စာ မဟုတ်ဘူး… ဟုတ်တယ်မလား… သူက မူလ မှော်ကျိန်စာကို အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းရဲ့ နည်းစနစ်တွေနဲ့ ပေါင်းစည်းပြီး မှော်ကျိန်စာ အသစ်တစ်ခုကို တီထွင်ခဲ့တာလား" ရှုအန်ဒါသည် လျင်မြန်စွာနှင့် သတိပြန်ဝင်လာကာ သူ၏ မျက်လုံးများတွင် အကဲခတ်၍ မရသည့် အလင်းတန်းများဖြင့် တောက်ပလာ၏။ "ဒီလိုမျိုး မှော်အစွမ်း…"
ESTÁS LEYENDO
ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၅) End (Unicode)
Aventura✓✓✓✓ MC က FAကြီး ✓✓✓✓ ဇာတ်လမ်းအကျဉ်း ------------- လင်းဖုန်းဟာ အချိန်ခရီးသွားခဲ့ပြီး စနစ်တစ်ခုကို ရရှိခဲ့ပေမယ့် သူ့ရဲ့ဖိအားတွေဟာ တောင်လိုပဲကြီးမားပါတယ်။ "စနစ်ရဲ့ အဓိကမစ်ရှင်" လင်းဖုန်းဟာ ဂိုဏ်းတစ်ဂိုဏ်းကို တည်ထောင်ရမှာပါ။ အဲ့ဒီဂိုဏ်းလဲ ဒီကမ္ဘာမ...