၁၃၃၇-၁၃၃၈

224 16 0
                                    

စာစဥ် ၆၉ : အပိုင်း ၇

အပိုင်း ၁၃၃၇ : သူမက ကျွန်မ မဟုတ်ဘူး၊ ကျွန်မက သူမ မဟုတ်ဘူး

နင်းဝမ်ကော၏ စကားများကို ကြားရသော အခါ ဝမ်လင်း၏ မျက်လုံးများက ကျဥ်းမြောင်းသွားခဲ့သည်။ သူသည် ဘာမှ မပြောခဲ့ပဲ သာမန်သာ ပြောလိုက်သည်။ "လမ်းပြပါ"

နင်းဝမ်ကောသည် မှော်ကျိန်စာ သင်္ကေတ တစ်ခုကို ဖော်ပြလိုက်ရာ အဖြူရောင် အလင်းတန်း တစ်တန်းက သူမ၏ လက်များထံမှ ထိုးထွက်လာသည်။ ထိုအဖြူရောင် အလင်းတန်းသည် အဝေးမှ ဟင်းလင်းပြင်ထံသို့ ပျံသန်းသွား၍ ပျောက်ကွယ်သွားသကဲ့သို့ ဖြစ်သွားသည်။

သို့သော်လည်း နင်းဝမ်ကောသည် ဟင်းလင်းပြင်အား ချိုးဖောက်သွားကာ ထိုအဖြူရောင် အလင်းတန်းဘက်သို့ ပျံသန်းသွားခဲ့ပြီး ဖြစ်သည်။ ဝမ်လင်းနှင့် မိချောင်း နတ်ဘုရားတို့သည် သူမ၏ အနောက်မှ ထပ်ကြပ်မကွာ လိုက်ပါသွားကြလေသည်။

နင်းဝမ်ကောသည် မိချောင်း နတ်ဘုရားဘက်သို့ လှည့်၍ လေသံတိုးတိုးဖြင့် မေးလိုက်သည်။ "လျှိုကြီးက ဘယ်လိုနေသလဲ"

မိချောင်း နတ်ဘုရားက အသံတိုးတိုးဖြင့် ပြန်ဖြေလိုက်သည်။ "သူရဲ့ ဒဏ်ရာတွေက တည်ငြိမ်သွားတဲ့ပုံ ပေါ်နေပေမဲ့ ပြင်းထန်နေဆဲပဲ… သူက သူ့ရန်သူတွေကြောင့်သာ ဒဏ်ရာရခဲ့ရုံတင် မကပဲ သူ့ကိုယ်သူကြောင့်လဲ ဒဏ်ရာရခဲ့တယ်… ဒါက ကြည့်လို့ကောင်းတဲ့ မြင်ကွင်းတစ်ခု မဟုတ်ဘူး"

သူသည် ဘာမှ သိပ်မပြောခဲ့သော်လည်း နင်းဝမ်ကောသည် လျှိုကြီး၏ အခြေအနေကို အာရုံခံ၍ ရသည့်ပုံ ပေါက်နေကာ သက်ပြင်းချ၍ ပြောလိုက်သည်။ "ဒါက ကျွန်မကြောင့်ပဲ… ကျွန်မက လျှိုကြီးကို ဒဏ်ရာရစေခဲ့တာ"

ဝမ်လင်းက တည်ငြိမ်စွာဖြင့် ပြောလိုက်သည်။ "ကျုပ်လည်းပါတယ်"

ပြီးတာနှင့် သူသည် နင်းဝမ်ကောဘက်သို့ လှည့်၍ ပြောလိုက်သည်။ "အခုအချိန်မှာ ဘာတွေ ဖြစ်နေသလဲ ဆိုတာကို ပြောလို့ရပြီလား"

နင်းဝမ်ကောသည် လျှိုကြီးအား ကြည့်လိုက်ကာ ပြောလိုက်သည်။ "လုံခြုံမှုကို အဓိကထားတဲ့ အနေနဲ့ ကျွန်မတို့က လျှိုကြီးကို မဟာကမ္ဘာကို အရင်ပို့မှ ရမယ်"

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၅) End (Unicode)Where stories live. Discover now