၁၃၁၅-၁၃၁၆

241 20 0
                                    

စာစဥ် ၆၈ : အပိုင်း ၅

အပိုင်း ၁၃၁၅ : ဆေးလုံး ဖော်စပ်မှုတွင် တစ်ကမ္ဘာလုံး၌ အကောင်းဆုံး

ကမ္ဘာ နှစ်ခုအကြားမှ စစ်ပွဲမတိုင်မီက လင်းဖုန်းနှင့် ရှောင်ယန်တို့သည် ရှေးဟောင်း သက်ရှည်ကမ္ဘာသို့ သွားရောက် လည်ပတ်ခဲ့ကြ၍ ရှောင်ယန်သည် ချင်းနင်သူတော်စင်၊ လင်းကြွယ် သူတော်စင် ဂူယွမ်ခိုင်တို့နှင့် ဆေးဖော်စပ်မှု ပြိုင်ပွဲငယ် တစ်ခုကို ယှဥ်ပြိုင်ခဲ့ကြသည်။

ထိုဆေးဖော်စပ်မှု ပြိုင်ပွဲတွင် သူတို့ သုံးဦးသာ ယှဥ်ပြိုင်ခဲ့ကြသဖြင့် ထိုပြိုင်ပွဲသည် ကြီးမားသော ပြိုင်ပွဲဟူ၍ မဆိုနိုင်ချေ။

သို့သော်လည်း ပါဝင် ယှဥ်ပြိုင်ခဲ့ကြသူများမှာ ချင်းနင်သူတော်စင် ဖြစ်စေ၊ လင်းကြွယ် သူတော်စင် ဖြစ်စေ၊ ရှောင်ယန်ဖြစ်စေ နတ်ဘုရားနယ်မြေ တစ်ခုလုံးတွင် ဆေးဖော်စပ်မှု အရာ၌ အကောင်းဆုံးသူများ ဖြစ်ကြ၏။ သို့ဖြစ်၍ ထိုပြိုင်ပွဲ၏ အဆင့်အတန်းသည် အမတန်မှ မြင့်မားကာ သမိုင်းတလျှောက်တွင်ပင် တွေ့ရခဲသော ပြိုင်ပွဲဖြစ်သည်။

လင်းဖုန်း၊ ဂူကျွန်းနှင့် ယန်နန်းလိုင်တို့သည် ထိုပြိုင်ပွဲကို ကြည့်ရှုခဲ့ကြပြီး သူတို့၏ အဆင့်အတန်းများက လုံလောက်နေပြီ ဖြစ်သည်။

ရှောင်ယန်သည် ဟင်းလင်းပြင် ဘုရားကျောင်းမှ ချင်းနင်သူတော်စင်နှင့် ရှေးဟောင်း မျိုးနွယ်စုမှ ဂူယွမ်ခိုင်တို့အား အနိုင်ယူနိုင်ခဲ့ကာ သူ၏ အထက်တန်းကျသော ဆေးဖော်စပ်မှု စွမ်းရည်များကို ဖော်ပြနိုင်ခဲ့သည်။

ဂူကျွန်းနှင့် ဂူယွမ်ခိုင်တို့ နှစ်ဦးစလုံးသည် ဘာမှ မတတ်နိုင်ပဲ ရှောင်ယန်၏ ဆေးဖော်စပ်မှု နည်းလမ်းများကို အံ့အားသင့်ခဲ့ရသည်။

ရှောင်ယန်သည် ထိုအချိန် မတိုင်ခင်က ဆေးလုံးအချို့ကို တီထွင်နိုင်ခဲ့သော်လည်း ထိုအရာများသည် ဗောဓိရတနာ ဆေးလုံး၊ သက်ရှည်ဆေးလုံး၊ ပဏ္ဍိတ ဆယ်ပါး ရွှေရောင်ဆေးလုံးနှင့် ကျန်သော ထိပ်တန်း ဆေးလုံးများနှင့် မယှဥ်နိုင်ခဲ့ပေ။

ဂူကျွန်းနှင့် ကျန်သောသူများသည် ရှောင်ယန်၏ ကျင့်ကြံမှု အဆင့်အတန်းများက မြင့်မားလာ၍ ဆေးဖော်စပ်မှုတွင် သူ့ကိုယ်သူ ပို၍ နစ်မြှုပ်ထားပါက သူသည် ချုံးဧကရာဇ်၊ ရှဧကရာဇ်၊ ဂူဧကရာဇ်၊ ယန်ရှင်းဟီ သို့မဟုတ် သာရိပုတ္တရာ တို့ကဲ့သို့ သူ့ကိုယ်သူ မြင့်မြတ်သော အဆင့်မြင့် စိတ်ဝိညာဥ် ဆေးလုံးတစ်မျိုးကို ဖန်တီးနိုင်လိမ့်မည်ဟု ပြောနိုင်ကြသည်။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၅) End (Unicode)Where stories live. Discover now