၁၂၁၉-၁၂၂၀

265 20 0
                                    

စာစဥ် ၆၃ : အပိုင်း ၉

အပိုင်း ၁၂၁၉ : လောင်ကျွမ်းနေသော ကောင်းကင်နှင့် တောက်လောင်နေသော မြေကြီး

ထိုအရာသည် အသက်တို့၏ ဖန်ဆင်းခြင်းနှင့် ဖျက်ဆီးခြင်းတို့သာ မဟုတ်ချေ၊ သူသည် မဟာတာအို၏ ဖန်ဆင်းခြင်းနှင့် ဖျက်ဆီးခြင်းလည်း ဖြစ်၏။

ရှောင်ယန်၏ မီးတောက် ထိုက်ကျိရုပ်ပုံ၏ ပြင်းထန်သော စွမ်းအားများသည် ချန်းမင် ဓားမာစတာအား ကြောက်ရွံ့ တုန်လှုပ်စေခဲ့သည်။

သူ၏ တိုက်ခိုက်မှုများ အားလုံးတို့ကို ကောင်းကင်ကပ်ဘေး၏ အနီရောင် အလင်းတန်းများက ကာကွယ်ထားလိုက်ပြီး ရှောင်ယန်၏ ကောင်းကင်မီးတောက် ကြာပန်းသည် သူ့အား ညှာတာမှု ကင်းမဲ့စွာဖြင့် တိုက်ခိုက်လိုက်လေသည်။

ဟိန်းဟောက်နေသော မီးတောက်များ အတွင်းမှ ကြောက်မက်ဖွယ်ရာ စွမ်းအားများသည် အစိမ်းရောင် ဓားအလင်းတန်းများ ဖန်တီးထားသည့် ကမ္ဘာအား ဖျက်ဆီးပစ်ကာ ချန်းမင် ဓားမာစတာ၏ သူတော်စင် ကောင်းကင်ဓားချီနှင့် ကျယ်ပြန့်သော ကောင်းကင် သူတောင်စင်ဓား အစစ်အမှန် သစ်သီးတို့အား အရင်းအမြစ်မှစ၍ ဒဏ်ရာရစေခဲ့သည်။

ချန်းမင် ဓားမာစတာသည် အဆက်မပြတ် ကျယ်ပြန့်လာသော မီးတောက်များနှင့် အတူပါလာသော ပျက်သုဥ်းမှု အာရုံကို ကောင်းစွာ ခံစားလိုက်ရသည်။

ချန်းမင်း ရှေးဟောင်းဓား၏ အပေါ်တွင် အလင်းတန်း ပုံစံများစွာ လင်းလက်လာကြသော်လည်း သူတို့သည် မီးတောက်များ၏ လောင်စာများပမာ တစ်ခုပြီး တစ်ခု လောင်ကျွမ်းသွားကြသည်။

ချန်းမင် ဓားမာစတာ၏ ကိုယ်ပိုင် အင်မော်တယ်ဝိညာဥ် အပေါ်တွင် အလင်းတန်း ပုံစံများ ပေါ်လာကြသော်လည်း သူတို့သည် ခက်ထန်လှသော မီးတောက်များ အကြားတွင် ပြာမှုန်များ အဖြစ်သို့ လောင်ကျွမ်းသွားကြသည်။

အလယ်ခေတ်မှ စတင်၍ အောင်မြင် ကျော်ကြားလာသော မဟာ ဓားကျင့်ကြံသူ၏ အသိစိတ်သည် သူ၏ ပတ်ဝန်းကျင်မှ အရာများ အားလုံးတို့သည် သူနှင့် ဝေးရာထံသို့ ရွှေ့ပြောင်းသွားကြသည့် အလား မည်းမှောင် ဝေဝါးလာသည်။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၅) End (Unicode)Where stories live. Discover now