၁၃၉၇-၁၃၉၈

196 17 0
                                    

စာစဥ် ၇၂ : အပိုင်း ၇

အပိုင်း ၁၃၉၇ : ကျရှုံးသွားသော စူးစမ်းလေ့လာမှု

တောင်တစ်လုံးကဲ့သို့ ကြီးမားသော အစွန်းရောက် စိတ်ဝိညာဥ် မဟာပဏ္ဍိတ၏ ခန္ဓာကိုယ်ထက် များစွာပို၍ ကြီးမားသည့် ယွဲ့ချန်း မဟာပဏ္ဍိတ၏ ခန္ဓာကိုယ်သည် ငရဲမီး ဧကရာဇ် မြို့တော်၏ အပေါ်သို့ ရောက်လာ၍ လျင်မြန်စွာဖြင့် ကျဆင်းလာသည်။

သူ့အနောက်တွင် စွမ်းနီ မဟာပဏ္ဍိတကလည်း လိုက်ပါလာခဲ့သည်။ သူသည် အကြွင်းမဲ့မီးတောက် မဟာဝင်္ကပါအား တိတ်တဆိတ် ချိုးဖောက်လာ၍ ငရဲမီး ဧကရာဇ် မြို့တော်အား တိုက်ခိုက်လိုက်သည်။

မြို့အပေါ်မှ ကောင်းကင်တွင် ရှိနေသော လုံရှန်ခေါ့နှင့် ခန်းမဆောင် အတွင်းမှ တွမ့်မုဟုန်နှင့် ကျန်သောသူများ၏ မျက်နှာများသည် ပျက်သွားကြသော်လည်း တုန်လှုပ် ချောက်ချားသွားခြင်းမျိုး မရှိခဲ့ပေ။

စံအိမ်အတွင်းတွင် ဧရာမ အချိန်ကာလ လေဟာနယ် မှော်ဝင်္ကပါ တစ်ခု ရှိနေသည်။ သူသည် အလင်းတန်း တစ်တန်းဖြင့် မှေးမှိန်စွာ လင်းလက်နေသော်လည်း ဖြည်းဖြည်းချင်းနှင့် ထိုအလင်းတန်းသည် ပို၍ပို၍ မျက်စိကျစရာ ကောင်းလာခဲ့သည်။

တွန့်မုဟုန်နှင့် ကျန်သောသူများသည် သူတို့ရှေ့မှ အခြေအနေအား မြင်လိုက်ရသော အခါ သိသိသာသာ စိတ်သက်သာရာ ရသွားသည်။ "သူမက လုပ်နိုင်ခဲ့ပြီ"

အလင်းတန်း အတွင်းတွင် အချိန်ကာလနှင့် လေဟာနယ်က တွန့်လိမ်သွား၍ အရိပ်နှစ်ခုတို့က အတွင်းမှ ထွက်လာကြသည်။ တစ်ယောက်မှာ ခရမ်းရောင် ဝတ်ရုံကို ဝတ်ဆင်ထားသည့် အမျိုးသမီးငယ် တစ်ယောက်ဖြစ်သည်။ သူမ၏ မျက်နှာသည် ကြည်လင် တင့်တယ်လွန်းလှသဖြင့် တစ်ယောက်သည် သူမအား တိုက်ရိုက်ပင် ကြည့်ရဲလိမ့်မည် မဟုတ်ချေ။

အခြားတစ်ယောက်မှာ ခက်ထန်သော ပုံစံနှင့် လူတစ်ယောက် ဖြစ်သည်။ သူ၏ မျက်လုံးများ အတွင်းတွင် တစ်ယောက်သည် ရက်စက်မှုနှင့် ကောက်ကျစ်မှုတို့ကို တွေ့နေနိုင်သည်။

ခရမ်းရောင် ဝတ်ရုံနှင့် အမျိုးသမီးအား တွေ့ခဲ့ရသော အခါ တွမ့်မုဟုန်နှင့် ကျန်သောသူများက ဦးညွှတ်လိုက်ကြသည်။ "ဒေါ်လေး ထျန်းချင်ကို နှုတ်ဆက်ပါတယ်"

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၅) End (Unicode)Where stories live. Discover now