အပိုင်း ၁၁၂၉ - ၁၁၃၀

340 27 0
                                    

စာစဥ် ၅၈ : အပိုင်း ၁၉

အပိုင်း ၁၁၂၉ : အပျက်အစီး နယ်မြေမှ လှုပ်ရှားမှုများ

ထိုမြေနေရာ အပေါ်တွင် ကြီးကျယ် ခမ်းနားလှသော တောင်တန်းများ ရှိနေသည်။ သူတို့အားလုံးတို့သည် ကီလိုမီတာ ထောင်ပေါင်းများစွာ ဆန့်တန်းနေကြ၍ သူတို့၏ အဆုံးကို မမြင်နိုင်ပေ။

ထိုတောင်တန်းများ အကြားတွင် မူလနယ်မြေသည် ယခင်က ခမ်းနားထည်ဝါသော နေရာတစ်ခု ဖြစ်ခဲ့ဖူးသည်။ ယခုအချိန်တွင် သူတို့သည် အပျက်အစီးများသာ ကျန်နေတော့သည်။

အာရုံကို အဆွဲဆောင်နိုင်ဆုံး မြင်ကွင်းမှာ အမတန်မှ မြင့်မားလှသော တောင်ထိပ် တစ်ခုဖြစ်သည်။ ထိုတောင်၏ တောင်ခြေတွင် ခြေထောက်နှစ်ခု၏ ရုပ်ထုကို တွေ့နိုင်သည်။ ခြေထောက်ကသည်ပင်လျှင် မီတာ၃၀ကျော် မြင့်နေခဲ့ပြီ ဖြစ်၏။

သို့သော်လည်း ခြေထောက်၏ အပေါ်မှ ကျန်သော အရာအားလုံးတို့သည် ပျက်စီးသွားကြပြီး ဖြစ်သည်။

ထိုခြေထောက် နှစ်ချောင်းတို့သည် မူလက ဗုဒ္ဓရုပ်ပွားတော် တစ်ဆူ၏ ခြေထောက်များ ဖြစ်ကြသည်။ ထိုတောင်ကုန်း တစ်ခုလုံးသည် တစ်ချိန်က ဗုဒ္ဓရုပ်ထုတော်တစ်ခု ဖြစ်ခဲ့ဖူးသည်။

ယခုအချိန်တွင် ထိုရုပ်ထုက ယိုယွင်းနေ၍ အပျက်အစီးများသာ ကျန်နေရစ်သည်။ အတိတ်က ပူဇော်သူများ၊ အမွှေးတိုင် အငွေ့များဖြင့် ပြည့်နေသော ဘုရားကျောင်းသည်လည်း ယခုအချိန်တွင် နံရံအချို့နှင့် အုတ်ကျိုးများသာ ကျန်နေခဲ့သည်။

ဤနေရာသည် ယခင်က ဗုဒ္ဓ မြင့်မြတ်နယ်မြေ တစ်ခုဖြစ်ခဲ့သော မဟာမိုးကြိုး ကျောင်းတော်ပင် ဖြစ်သည်။

ဤနေရာသို့ ကျင့်ကြံသူ အချို့တို့ကသာ လာကြတော့သည်။ တစ်စုံတစ်ယောက်သည် ဤနေရာသို့ ဖြတ်သန်းသွားကြသောအခါ မဟာမိုးကြိုး ကျောင်းတော်၏ အပျက်အစီးများကို ကြည့်၍ သက်ပြင်းများကို ချသွားကြသည်။

ယခုအချိန်တွင် ကမ္ဘာနှစ်ခု အကြားမှ စစ်မီးတောက်များသည် ပို၍ ပြင်းထန်စွာ လောင်ကျွမ်းနေကြချိန်တွင် မဟာမိုးကြိုး ကျောင်းတော်က အကျိုးသက်ရောက်မှု မရှိခဲ့ပေ။ စိတ်ဝိညာဥ် စွမ်းအင်တို့က မရှိကြတော့ပဲ သူ၏ အရင်းအမြစ်များ အားလုံးနီးပါးတို့ကိုလည်း တူးယူသွားကြပြီး ဖြစ်သည်။ မိစ္ဆာ အနည်းအကျဥ်းကသာ ဤနေရာသို့ လာရောက်ကြတော့သည်။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၅) End (Unicode)Where stories live. Discover now