အပိုင်း ၁၁၅၃ - ၁၁၅၄

293 22 0
                                    

စာစဥ် ၆၀ : အပိုင်း ၃

အပိုင်း ၁၁၅၃ : အောင်မြင်မှုနှင့် ရှုံးနိမ့်မှု

ပိဖန်း မဟာပဏ္ဍိတ စပေါ်လာချိန်မှ စ၍ သူမ ပြောခဲ့သော ပထမဆုံး အရာသည် ရှိနေကြသူများ အားလုံးကို ငြိမ်သက်သွားစေသည်။

ဝမ်လင်း၏ လက်ရှိ ဖိနှိပ်မှုကို ခံနေရသော ရွှေရောင် အလင်းတန်း အသွင်ရှိနေသည့် ထော်ခုန်း မဟာပဏ္ဍိတသည် ပို၍ ပြင်းထန်စွာဖြင့် တုန်ခါလာ၏။ သူသည် မေ့ပျောက်ခြင်းမြစ်မှ ချိုးဖောက်ထွက်လာနိုင်တော့မည်ကဲ့သို့ ဖြစ်လာကာ ဝမ်လင်းကပင် သူ့အား ထိန်းချုပ်နိုင်သည့်ပုံ မပေါ်တော့ချေ။

ပိဖန်း မဟာပဏ္ဍိတသည် ထိုရွှေရောင် အလင်းတန်းကို ကြည့်၍ သူ၏ခေါင်းကို အနည်းငယ် ငုံ့လိုက်ကာ ဖြည်းဖြည်းချင်း ပြောလိုက်သည်။ "ထော်ခုန်း… ရွှေရောင်ငှက်တောင် မဟာနတ်ငှက် မျိုးနွယ်စုက နောက်ထပ် ဘာဆက်လုပ်မလဲ ဆိုတာကို မင်းက အသေအချာ စဥ်းစားရတော့မယ်"

သူမ၏ မျက်လုံးများ အတွင်းမှ မတူညီသော အလင်းတန်း ပုံရိပ်နှစ်မျိုး ထွက်လာကြသည်။

ပထမ အလင်းတန်း ပုံရိပ်သည် သူမ၏ ကိုယ်ပိုင် အတွေ့အကြုံများထံမှ အစပြုလာခြင်း ဖြစ်သည်။ အတွင်းတွင် တစ်ယောက်သည် ဝေဝါးနေသော်လည်း ပုံရိပ်များကို မြင်နေနိုင်သည်။

တစ်ယောက်သည် ပုံရိပ်များကို ကြည်လင်စွာ မမြင်နိုင်ခဲ့ရသော်လည်း သူ့ထံမှ ထုတ်လွှတ်နေသော ကြောက်မက်ဖွယ်ရာ စွမ်းအားများအရ ကောင်းကင်ကျက်သရေ မဟာပဏ္ဍိတဟူ၍ သိနိုင်ခဲ့သည်။ ပြီးတာနှင့် သူမ၏ လက်ဝါးများကို ဖွင့်လိုက်ရာ ရွှေရောင်အလင်းတန်း ဘောလုံးတစ်ခု လင်းလက်လာသည်။

ထိုရွှေရောင် အလင်းတန်း ဘောလုံးအတွင်းတွင် အလင်းရောင်များဖြင့် ဖွဲ့စည်းထားသော ကမ္ဘာတစ်ခု ရှိနေသည်။ တစ်ယောက်သည် မှော်သင်္ကေတ အမြောက်အမြားတို့ကို တွေ့နေနိုင်သည်။

ထိုမှော်သင်္ကေတကို တွေ့ရသောအခါ မေ့ပျောက်ခြင်း မြစ်အောက်မှ ထော်ခုန်း မဟာပဏ္ဍိတသည် ရုန်းကန်းခြင်းမှ ရပ်တန့်လိုက်သည်။ သူသည် ထိတ်လန့်တုန်လှုပ်စွာဖြင့် အားပျော့သွားခဲ့သည်။ မေ့ပျောက်ခြင်း မြစ်မှတဆင့် ဝမ်လင်းက သူသည် မယုံကြည်နိုင်မှုများ၊ အလွန်အမင်း ကြံရာမရ ဖြစ်မှုများနှင့် ပြည့်နေခဲ့သည်ကို သိနေခဲ့သည်။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၅) End (Unicode)Where stories live. Discover now