စာစဥ် ၇၃ : အပိုင်း ၁၁
အပိုင်း ၁၄၂၁ : နောက်ဆုံးတိုက်ခိုက်ခြင်း
ရှောင်ယန်သည် ယန်ရှင်းဟီအား တည်ငြိမ်စွာ ကြည့်နေရင်း ပြောလိုက်သည်။ "ခင်ဗျားရဲ့ မျက်လုံးတွေ အတွင်းမှာ ခင်ဗျားဟာ သန့်စင်ပြီး အပြစ်ကင်းတဲ့ပုံ ပေါက်နေတယ်… ခင်ဗျား လုပ်ခဲ့တဲ့ အရာအားလုံးဟာ အများကောင်းဖို့ ဖြစ်တဲ့အတွက်ကြောင့် ခင်ဗျားက အမှားလုပ်ခဲ့တယ်လို့ တစ်ခါမှ မခံစားရဖူးဘူး… ဒါပေမဲ့ ဒါတွေက ခင်ဗျားရဲ့ မျက်လုံးတွေ အတွင်းမှာပဲ"
"ကျုပ်က ဘာကို တွေ့ခဲ့သလဲ… ကျုပ်က အမြင်ကျဥ်းပြီး အေးစက်ကာ စကားကောင်းကောင်း ပြောတတ်ပေမဲ့ အလွန်အမင်း တကယ်ကောင်းဆန်ပြီး တုံးအတဲ့ လူတစ်ယောက်ကိုပဲ မြင်တယ်"
ရှောင်ယန်က အေးစက်စွာဖြင့် ပြောလိုက်သည်။ "ကျုပ်တို့ရဲ့ လမ်းကြောင်းတွေက မတူညီတဲ့ အတွက် ကျုပ်တို့ အကြားမှာ ပြောစရာ စကားလည်း သိပ်မရှိဘူး"
"ငါက ဒီကမ္ဘာ အတွင်းကနေ မကြာခင်မှာ လုံးဝ ထွက်သွားရတော့မှာ… နည်းနည်းပြောပြော… များများပြောပြော ငါ့အတွက် ဘာမှ မထူးဘူး" ယန်ရှင်းဟီက ရှောင်ယန်အား ကြည့်၍ ဆက်ပြောလိုက်သည်။ "ဒါတွေကို ပြောနေရတာဟာ ငါက အချက်တစ်ချက်ကို အတည်ပြုချင်နေလို့ပဲ"
"မင်းနဲ့ မင်းဆရာတို့က ဘာတွေ လုပ်နေသလဲ ဆိုတာကို ငါသိတယ်… ရွှမ်တုန်း သူတော်စင်က ငါ့ကို အကုန် ပြောပြထားတယ်… မင်းတို့ရဲ့ လုပ်ဆောင်ချက်တွေဟာ စီနီယာဝမ်ထက်တောင် ပိုပြီးမှ အန္တရာယ် များတယ်… မင်းနဲ့ စကားပြော အပြီးမှာ ငါက ပိုပြီးမှ သေချာသွားတယ်"
ရှောင်ယန်က အေးစက်စွာဖြင့် ပြုံး၍ ပြန်ပြောလိုက်သည်။ "ဒါကြောင့်မို့ မီးတောက်နဲ့ ရေခဲဟာ ဆေးမီးဖို တစ်ခုတည်းမှာ မနေနိုင်ဘူးလို့ ကျုပ်က ပြောတာပေါ့"
ယန်ရှင်းဟီသည် အလွန်အမင်း အားနည်းနေခဲ့ပြီ ဖြစ်သည်။ သူသည် သူ၏ လက်ဝါးအစုံအား စုစည်းလိုက်ကာ ဘာမှ မပြောပဲ ရှောင်ယန်ကိုသာ တည့်တည့် စိုက်ကြည့်နေခဲ့သည်။
ရှောင်ယန်က သူ၏ မျက်မှောင်များကို ကြုတ်၍ ပြောလိုက်သည်။ "ခင်ဗျားက ဆက်ပြီးမှ တိုက်ခိုက်ချင်နေသေးတာလား… ကျုပ်က ခင်ဗျားကို ဘာမှတောင် လုပ်စရာ မလိုပဲ ခင်ဗျားက လေအတွင်းက ဖုန်မှုန့်လိုမျိုး မကြာခင်မှာ ကွယ်ပျောက်သွားတော့မှာ… ဒါ့အပြင် ကျုပ်တို့ဟာ အရင်က တိုက်ခိုက်ခဲ့ဖူးတယ်… ငရဲကမ္ဘာ ပင်လယ်အတွင်းမှာ ခင်ဗျားက ကျုပ်ရဲ့ ပြိုင်ဘက် မဟုတ်ဘူး"
YOU ARE READING
ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၅) End (Unicode)
Adventure✓✓✓✓ MC က FAကြီး ✓✓✓✓ ဇာတ်လမ်းအကျဉ်း ------------- လင်းဖုန်းဟာ အချိန်ခရီးသွားခဲ့ပြီး စနစ်တစ်ခုကို ရရှိခဲ့ပေမယ့် သူ့ရဲ့ဖိအားတွေဟာ တောင်လိုပဲကြီးမားပါတယ်။ "စနစ်ရဲ့ အဓိကမစ်ရှင်" လင်းဖုန်းဟာ ဂိုဏ်းတစ်ဂိုဏ်းကို တည်ထောင်ရမှာပါ။ အဲ့ဒီဂိုဏ်းလဲ ဒီကမ္ဘာမ...