စာစဥ် ၆၁ : အပိုင်း ၁၃
အပိုင်း ၁၁၈၃ : စူတောင်ဓားဂိုဏ်း၏ ချိုးဖောက်မှု
အင်မော်တယ် နဂါးမြို့တော်သည် နှစ်ခြိုက်စွာ အိပ်မောကျသွားသော အခါ သူ၏ အနားမှ အလင်းရောင်ကလည်း ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားသည်။
ထိုအချိန် မတိုင်ခင် အင်မော်တယ် နဂါးမြို့တော်သည် မြေနဂါးဘုရင်၏ တိုက်ခိုက်မှုများကို အဓိက ခံယူခဲ့သော အင်အားဖြစ်ကာ သူ၏ ခံစစ်စွမ်းအားများကို ထုတ်ဖော်ပြသခဲ့သည်။
ယခုအချိန်တွင် မြေနဂါးဘုရင်၏ တိုက်ခိုက်မှုများကို ခုခံရန် အင်မော်တယ် နဂါးမြို့တော် မရှိတော့သဖြင့် ဇူရီနှင့် ထျန်းကန်း ဓားမာစတာတို့သည် ဖိအားများကို ရုတ်ခြည်း ခံစားခဲ့ကြရသည်။
သို့သော်လည်း မြေနဂါးဘုရင်၏ အဓိက ပစ်မှတ်မှာ ချင်ဧကရာဇ် ရှီယုနှင့် သူ၏ အင်မော်တယ် နဂါးမြို့တော်သာ ဖြစ်သည်။ မိုးပြာရောင် ကောင်းကင် နဂါးဘုရင်ကလည်း အတူတူပင် ဖြစ်၏။
ထျန်းကန်း ဓားမာစတာ၏ အမူအရာကလည်း တင်းမာနေ၍ သူ၏ မျက်လုံးများက အဆက်မပြတ် လင်းလက်နေသည်။
လက်ရှိ လူသားကျင့်ကြံသူများ အနက် ချင်ဧကရာဇ် ရှီယုနှင့် နဂါးတို့၏ အကြားမှ ရန်ငြိုးရန်စဟောင်းများ၊ သို့မဟုတ် ဇူရီ၏ လျှိုယန် နဂါးဘုရင်အား သတ်ဖြတ်ခဲ့မှုကြောင့် ဖြစ်ပေါ်လာသည် အမုန်းတရား အသစ်များနှင့် မတူပဲ သူ၏ စူတောင်ဓားဂိုဏ်းသည် နဂါးများနှင့် ရန်ကြွေးများ မရှိပေ။
ဤတိုက်ပွဲသို့ ဝင်ပါလျှင် နဂါးများနှင့် ရန်ငြိုးဖွဲ့မိမည် ဖြစ်သော်လည်း ယခုအချိန်တွင် သူက ထွက်သွားပါက မြေနဂါးဘုရင်နှင့် မိုးပြာရောင် ကောင်းကင် နဂါးဘုရင်တို့သည် သူ့အား လျစ်လျူရှုထားကြမည် ဖြစ်ကာ သူတို့၏ ရန်သူများ ဖြစ်ကြသော ရှီယုနှင့် ဇူရီတို့ကိုသာ အားကုန်သုံး၍ တိုက်ခိုက်ကြမည် ဖြစ်သည်။
အကယ်၍ ထျန်းကန်း ဓားမာစတာသည် ရှီယု၊ ဇူရီတို့နှင့် နဂါးတို့၏ သူသေကိုယ်သေ တိုက်ပွဲအတွင်းသို့ ဝင်ပါပါက ကပ်ဘေးဆိုက်သွားနိုင်သည်။
YOU ARE READING
ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၅) End (Unicode)
Adventure✓✓✓✓ MC က FAကြီး ✓✓✓✓ ဇာတ်လမ်းအကျဉ်း ------------- လင်းဖုန်းဟာ အချိန်ခရီးသွားခဲ့ပြီး စနစ်တစ်ခုကို ရရှိခဲ့ပေမယ့် သူ့ရဲ့ဖိအားတွေဟာ တောင်လိုပဲကြီးမားပါတယ်။ "စနစ်ရဲ့ အဓိကမစ်ရှင်" လင်းဖုန်းဟာ ဂိုဏ်းတစ်ဂိုဏ်းကို တည်ထောင်ရမှာပါ။ အဲ့ဒီဂိုဏ်းလဲ ဒီကမ္ဘာမ...