စာစဥ် ၇၅ : အပိုင်း ၁၈
အပိုင်း ၁၄၆၈ : တစ်ယောက်ဟာ ဒီလို အရေးနိမ့်မှုကနေ ဘယ်လိုလုပ် အသက်ရှင်နိုင်မလဲ
လင်းဖုန်းသည် စစ်တုရင်ခုံ အပေါ်တွင် ထိုင်နေ၍ အလွန်အမင်း တည်ငြိမ်သည့်ပုံ ပေါက်နေကာ သူ၏ အကြည့်သည် ဟင်းလင်းပြင်အား ကျော်ဖြတ်သွား၍ ကောင်းကင်စကြာဝဠာ အလင်းတန်း ကမ္ဘာ ပြင်ပတွင် ရှိနေသော ကြွယ်ဧကရာဇ်၊ မဟာဟင်းလင်းပြင် သူတော်စင်နှင့် ဗုဒ္ဓတို့ အပေါ်သို့ ကျရောက်သွားသည်။
သူ၏ တစ်ကိုယ်လုံးတွင် အနီရောင်များ စွန်းထင်းနေခဲ့ကာ ရှန်းယွမ်၏ မိစ္ဆာ စွမ်းအားများကြောင့် ဒဏ်ရာ ရခဲ့သော်လည်း သူ၏ကိုယ်ပိုင် စွမ်းအားနှင့် အရှိန်အဝါတို့က အားနည်းသွားခဲ့သည်။
ကြွယ်ဧကရာဇ်က လင်းဖုန်းအား အေးစက်စွာဖြင့် စိုက်ကြည့်နေကာ မဟာဟင်းလင်းပြင် သူတော်စင်နှင့် ဗုဒ္ဓတို့၏ အာရုံတို့က လင်းဖုန်းအပေါ်သို့ ကျရောက်လာခဲ့သည်။
လင်းဖုန်းသည် ရှန်းယွမ်နှင် တိုက်ခိုက်ရာတွင် အသာစီး ရနေခဲ့သော်လည်း အန္တရာယ် ကြီးမားစွာ ရှိနေခဲ့ဆဲ ဖြစ်သည်။
သူသည် ရှန်းယွမ်နှင့် အတူ သေရွာသို့ လိုက်သွားရကိန်းလည်း ရှိနေနိုင်သည်။
သို့သော်လည်း လင်းဖုန်းသည် အမှုထားနေသည့်ပုံ မရှိနေပဲ ကြွယ်ဧကရာဇ်က မဟာဟင်းလင်းပြင် သူတော်စင်နှင့် ဗုဒ္ဓတို့ နှစ်ယောက်စလုံးနှင့် တိုက်ခိုက်နေသည့် တိုက်ပွဲကို ကြည့်နေခဲ့သည်။
သူသည် ပြုံးလိုက်ပြီးမှ ပြိုလဲခြင်း စာအုပ်အား ညွှန်ပြလိုက်သည်။
ပြိုလဲခြင်း စာအုပ်သည် ဟင်းလင်းပြင် အတွင်းတွင် အနည်းငယ် တုန်ခါသွားပြီးမှ ကြမ္မာပန်းတိုင် ခေါင်းလောင်း အသွင်သို့ ပြန်ပြောင်းသွားကာ ခေါင်းလောင်းသံများသည် စကြာဝဠာ တစ်ခုလုံး အတွင်းတွင် ပဲ့တင်ရိုက်နေခဲ့သည်။
ကြမ္မာပန်းတိုင် ခေါင်းလောင်း၏ အလင်းတန်း ပုံရိပ်က လင်းလက်လာ အပြီးတွင် မည်းနက်နေသော ကျောက်တုံးတစ်ခု တစ်ခုအား ဖော်ပြလိုက်သည်။ ထိုတံခါး၏ မျက်နှာပြင် အပေါ်တွင် မရေမတွက်နိုင်သော ပုံစံများဖြင့် ခတ်နှိပ်ထား၍ အထီးကျန်ခြင်းနှင့် လွင်တီးခေါင် ကျခြင်းများ အတွင်းတွင် သန်မာလှသော အသက်စွမ်းအားများဖြင့် ပြည့်နေခဲ့သည်။
YOU ARE READING
ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၅) End (Unicode)
Adventure✓✓✓✓ MC က FAကြီး ✓✓✓✓ ဇာတ်လမ်းအကျဉ်း ------------- လင်းဖုန်းဟာ အချိန်ခရီးသွားခဲ့ပြီး စနစ်တစ်ခုကို ရရှိခဲ့ပေမယ့် သူ့ရဲ့ဖိအားတွေဟာ တောင်လိုပဲကြီးမားပါတယ်။ "စနစ်ရဲ့ အဓိကမစ်ရှင်" လင်းဖုန်းဟာ ဂိုဏ်းတစ်ဂိုဏ်းကို တည်ထောင်ရမှာပါ။ အဲ့ဒီဂိုဏ်းလဲ ဒီကမ္ဘာမ...