အပိုင်း ၁၄၈၂ : သူ၏ လက်ဖျောက်တစ်ချက် တီးရုံနှင့် ကမ္ဘာကြီးက ပြောင်းသွားသည်

285 19 0
                                    

စာစဥ် ၇၆ : အပိုင်း ၁၂

အပိုင်း ၁၄၈၂ : သူ၏ လက်ဖျောက်တစ်ချက် တီးရုံနှင့် ကမ္ဘာကြီးက ပြောင်းသွားသည်

လင်းဖုန်း၏ စကားများကို ကြားခဲ့ရသော အခါ မဟာဟင်းလင်းပြင် သူတော်စင်၏ မျက်လုံးများသည် အနည်းငယ် လင်းလက်လာ၍ ကောင်းကင်တော်ဝင် ဝင်္ကပါမှတဆင့် လင်းဖုန်းအား ကြည့်လိုက်သည်။

လင်းဖုန်း၏ သာမန်အတိုင်း စိတ်လက် ပေါ့ပါးနေသည့် အမူအရာမှ နေ၍ ကြွယ်ဧကရာဇ်သည် အဖျက်ဆီးခံခဲ့ရချိန်တွင် ရှောင်ယန်၊ ဇူရီနှင့် ကျန်သောသူများသည် အသက်ရှင်လျက် ထွက်လာနိုင်ကြသည်ဟု သူက ပြောနိုင်ခဲ့သည်။

သူတို့သည် ကြွယ်ဧကရာဇ်အား ချောက်နက်အတွင်းသို့ ပို့နိုင်ကြသည့် စွမ်းအားများ ရှိနေကြသဖြင့် မဟာဟင်းလင်းပြင် သူတော်စင် ကိုယ်တိုင်နှင့် သကျမုနိတို့ကိုလည်း ဖျက်ဆီးနိုင်သည်ဟု ဆိုလိုနေခြင်း ဖြစ်သည်။

"ခင်ဗျားရဲ့ တပည့်တွေက တကယ်ကိုပဲ ထူးချွန် ပြောင်မြောက်ကြတယ်" မဟာဟင်းလင်းပြင် သူတော်စင်သည် သူ၏ခေါင်းကို ဖွဖွ ခါလိုက်၍ စစ်တုရင်ရုပ် တစ်ခုအား ကောက်ကိုင်လိုက်သည်။ သူသည် အချိန်အတန်ကြာ စဥ်းစားနေပြီးမှ သူ့အား တော်ဝင်ကောင်းကင် ဝင်္ကပါအပေါ်၌ ချလိုက်သည်။

လင်းဖုန်းသည် သူ၏ အကွက်အား ကိုယ်ပိုင်အကွက်ဖြင့် သာမန်သာ တုံ့ပြန်၍ ပြန်ပြောလိုက်သည်။ "ခင်ဗျားက ကျုပ်တို့ကို မြှောက်နေပါပြီ… မိတ်ဆွေကြီး"

ဤအကွက် အပြီးတွင် မဟာဟင်းလင်းပြင် သူတော်စင်သည် နောက်ထပ် စဥ်းစား ဆင်ခြင်နေရင်း ငြိမ်သက်သွားကာ စစ်တုရင်ခုံအား တိတ်ဆိတ်စွာနှင့် စိုက်ကြည့်နေခဲ့သည်။

လင်းဖုန်းသည် ထရပ်လိုက်၍ သူ၏ အကြည့်သည် ကောင်းကင်စကြာဝဠာ အလင်းတန်း ကမ္ဘာအား ထိုးဖောက်သွားကာ အဆုံးမဲ့ ဟင်းလင်းပြင်ကို ကျော်လွန်သွား၍ မဟာကမ္ဘာ အတွင်းမှ မဟူရာ ပင်လယ် အပေါ်သို့ ကျရောက်သွားသည်။

ထိုနေရာတွင် မူလကောင်းကင် ကမ္ဘာ တစ်ခုလုံးအား တုန်ခါသွားစေသော မော်ကွန်းဝင် တိုက်ပွဲတစ်ခု ဖြစ်ခဲ့၍ မူလကောင်းကင် ကမ္ဘာ၏ သမိုင်းတွင် အစွမ်းအထက်ဆုံး ပုဂ္ဂိုလ်များ အနက် တစ်ယောက်ဖြစ်သည့် မိစ္ဆာတစ်ကောင်က အသတ်ဖြတ်ခံခဲ့ရသည်။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၅) End (Unicode)Where stories live. Discover now