၁၃၄၃-၁၃၄၄

208 19 0
                                    

စာစဥ် ၆၉ : အပိုင်း ၁၃

အပိုင်း ၁၃၄၃ : လျှိုကြီး၏ ဆုံးဖြတ်ချက်

လင်းဖုန်းနှင့် လျှိုကြီးတို့သည် မျက်နှာချင်းဆိုင် ထိုင်နေကြပြီး လျှိုကြီးသည် အိပ်ပျော်နေရင်း စကားပြောနေသကဲ့သို့ သူ၏ မှတ်ဉာဏ်များ ပြန်လည်ရရှိအပြီး ကြုံတွေ့ခဲ့ရသော အရာများအပြင် ဟင်းလင်းပြင် စစ်တလင်း အတွင်းမှ အတွေ့အကြုံများ အားလုံးတို့ကို ပြန်လည် ပြောပြခဲ့သည်။

သူပြောနေသည့် အချိန်တွင် လင်းဖုန်းသည် ဝင်ရောက် နှောင့်ယှက်ခြင်း မရှိခဲ့ပဲ ငြိမ်သက်စွာသာ နားထောင်နေခဲ့သည်။ လျှိုကြီးသည် သူ၏စကားများ ဆုံးသွားသောအခါ လင်းဖုန်းအား မရေရာသော မျက်လုံးများဖြင့် ကြည့်လိုက်ရာ လင်းဖုန်းက ခေါင်းညိတ်ပြီး ချက်ချင်း ပြန်ပြောလိုက်သည်။

"ဟေးဒီးစ်ဧကရာဇ်ဟာ မင်းကို သံသရာများစွာ ဝင်စားစေခဲ့တာဟာ ဝိညာဥ်ပင်လယ်ရဲ့ မှော်စွမ်းအင် သဲလွန်စတွေကို ဖျောက်ဖျက်ဖို့ အပြင် တခြား အကြောင်းရင်းတွေ ရှိဦးမယ်လို့ ငါဟာ အရင်က ခန့်မှန်းထားခဲ့ပြီး အခုအချိန်မှာ ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကို ပြန်စဥ်းစားလိုက်တော့ ငါ့ရဲ့ ခန့်မှန်းမှုတွေဟာ မှန်ကန်တယ်လို့ သက်သေပြနိုင်ခဲ့တယ်"

လျှိုကြီးသည် အနည်းငယ် တွေဝေစွာဖြင့် နာကျင်စွာ ခံစားနေရသည်။ "အမှန်အတိုင်း ပြောရရင် ကျွန်တော်ဟာ ကျွန်တော့် မိဘတွေရဲ့ သားအစစ် မဟုတ်ပေမဲ့ ဟေးဒီးစ်သားရဲ တစ်ကောင် ဖြစ်နေသေးတယ်"

လင်းဖုန်းသည် သူ့အား တည်ငြိမ်စွာဖြင့် ကြည့်၍ ဖြည်းညင်းစွာ ပြောလိုက်သည်။ "ငါက ဟိုတုံးက မင်းကို တပည့်တစ်ယောက် အနေနဲ့ လက်ခံခဲ့တာက မင်းရဲ့ နောက်ခံကြောင့်ဖြစ်ပြီး ပြောရမယ်ဆိုရင် အလျဥ်းသင့်တာကြောင့်လည်း ပါတယ်… ဒါပေမဲ့ ဒီနောက်ပိုင်းမှာ ဒီလိုမျိုး ကိစ္စအများကြီး ဖြစ်လာလိမ့်မယ်လို့ လုံးဝ ထင်မထားခဲ့ဘူး"

"ဒါပေမဲ့ အခုအချိန်မှာ ငါတို့က ဆရာတပည့်တွေ ဖြစ်နေကြတော့ ငါကမင်းကို စောင့်ရှောက်ပေးမယ်… မင်းရဲ့ မှတ်ဉာဏ်တွေက ဒီအချိန်မှာ မပြည့်စုံသေးပဲ ဟိုတုံးက ဖြစ်ခဲ့တဲ့ အရာတွေဟာ မင်းရဲ့ မူလ ရည်ရွယ်ချက်နဲ့ ဆန့်ကျင်နေခဲ့ပေမဲ့ သူတို့ဟာ အခုအချိန်မှာ မင်းရဲ့ နှလုံးသား အတွင်းမှာ ဝန်ထုပ်ဝန်ပိုးတွေ ဖြစ်နေကြတယ်"

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၅) End (Unicode)Nơi câu chuyện tồn tại. Hãy khám phá bây giờ