အပိုင်း : ၁၄၇၈ : အချိန်က လျင်မြန်စွာ ကုန်ဆုံးသွားသည်

234 23 0
                                    

စာစဥ် ၇၆ : အပိုင်း ၈

အပိုင်း : ၁၄၇၈ : အချိန်က လျင်မြန်စွာ ကုန်ဆုံးသွားသည်

လင်းဖုန်းသည် ယုကျင်းတောင်ပေါ်မှ မဟူရာကောင်းကင် ရတနာသစ်ပင် အပေါ်တွင် ထိုင်နေကာ ဟင်းလင်းပြင်ကို ချိုးဖောက်သွား၍ နတ်ဘုရား နယ်မြေ အတွင်းမှ ထွက်ခွာသွားကာ မူလကောင်းကင် ကမ္ဘာ အတွင်းတွင် တစ်ခါမှ ပြန်ပေါ်မလာတော့ပေ။

ခြွင်းချက် တစ်ခုသာ ရှိခဲ့သည်။ ထိုအရာမှာ အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်း၏ ဒုတိယ မျိုးဆက် ဂိုဏ်းချုပ် ရှောင်ယန်က လက်ထပ်ခဲ့သည့် အခါ လင်းဖုန်းသည် မဟာကမ္ဘာသို့ ပြန်လာခဲ့ပြီး သူ့တပည့်၏ လက်ထပ်ပွဲကို ကြီးကြပ်ပေးခဲ့သည်။

ထိုလက်ထပ်ပွဲသည် နတ်ဘုရား နယ်မြေ အတွင်းမှ လက်ရှိနှစ်များ အတွင်းတွင် အကြီးကျယ် အခမ်းနားဆုံး ပွဲတစ်ပွဲ ဖြစ်ခဲ့သည်။

ချင်းရဲ့ သူတော်စင်မယ် ရှောင်ကျန်းအာသည် လက်ထပ်ပွဲ၏ အခြားတစ်ဘက်တွင် ရှိနေခဲ့ပြီး သူမသည် ဂူမင်းဆက်မှ ဖြစ်သည်။ ဂူမင်းဆက်သည် ဤအချိန်တွင် နတ်ဘုရား နယ်မြေ အတွင်းမှ အစွမ်းအထက်ဆုံး အင်ပါယာ ဖြစ်နေခဲ့ပြီ ဖြစ်သည်။

မဟာချင် အင်ပါယာ၊ မဟာကျိုး အင်ပါယာနှင့် မြောက်ပိုင်းမျိုးနွယ်စုတို့၏ တော်ဝင်အိမ်တော်တို့သည် ဂူမင်းဆက်အား ယှဥ်နိုင်ကြခြင်း မရှိကြတော့ပေ။

ရှီရှင်းယွမ်သည် မဟာချင် အင်ပါယာတွင် အခြေချနေခဲ့ကာ သူတို့၏ ဆက်ဆံရေးသည် ယခင်ကထက် များစွာ ပိုကောင်းလာခဲ့သည်။ မဟာကျိုး အင်ပါယာ၏ ဖိအားများမှာ များစွာပို၍ ကြီးမားသည်။

ကံကောင်းစွာဖြင့် သူတို့တွင် လျှို့ဝှက် မဟာမိတ် အဖြစ် စူတောင်ဓားဂိုဏ်း ရှိနေခဲ့ပြီး ဤအချက်သည် ဂူမင်းဆက်၏ ရှေ့ဆက်လာမှုအား အတိုင်းအတာ တစ်ခုအထိ ဟန့်တားနိုင်ခဲ့သည်။

ရှောင်ယန်၏ လက်ထပ်ပွဲ အတွင်းတွင် စူတောင်ဓားဂိုဏ်း၏ ထိပ်သီးပုဂ္ဂိုလ် နှစ်ဦးတို့ ဖြစ်ကြသော ရှင်းလုံစန်းနှင့် ထျန်းကန်း ဓားမာစတာတို့သည် ရောက်လာခဲ့ကာ ယုကျင်းတောင်ပေါ်သို့ တက်ခဲ့ကြသည်။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၅) End (Unicode)حيث تعيش القصص. اكتشف الآن