စာစဥ် ၅၈ : အပိုင်း ၅
အပိုင်း ၁၁၁၅ : တစ်ဆင့်ပြီးတစ်ဆင့် ပြောင်းလဲခြင်း
မြောင်ရှီးဟောင်သည် သူ၏ ပတ်ဝန်းကျင်အား ကြည့်ကာ မေးလိုက်သည်။ "ချန်ကောင်းကင် မှော်ကျိန်စာ ဓားသွားနဲ့ ရွှမ်ကောင်းကင် တံဆိပ်တို့က အရှင်နဲ့ အတူ ရှိနေကြတယ် မလား… သူတို့ရဲ့ စိတ်အတွင်းမှာလည်း သံသယတွေ ရှိနေကြပေမဲ့ အတည်မပြုနိုင်ကြဘူး"
"ကောင်းကင်တော်ဝင် ကျောက်စိမ်းက ဟင်းလင်းပြင် ဘုရားကျောင်းနဲ့ ပူးပေါင်းသွားခဲ့တာ နှစ်ပေါင်းများစွာ ရှိသွားပြီ… သူမဟာ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက ဘာဖြစ်ခဲ့သလဲ ဆိုတာကို စုံစမ်းလိုနေတာ ဖြစ်နိုင်တယ်"
"ဒါပေမဲ့ ဟင်းလင်းပြင် ဘုရားကျောင်းဟာ သူမကို တစ်ခါမှ မယုံကြည်ခဲ့ကြတဲ့ အတွက် သူမကို မဟာယာန အဆင့်ကို ပြန်ရောက်နိုင်အောင် လုံလောက်တဲ့ အရင်းအမြစ်တွေ မပေးခဲ့ကြဘူး"
လင်းဖုန်းက မြောင်ရှီးဟောင်အား ကြည့်ကာ မေးလိုက်သည်။ "အိုး… မင်းပြောတဲ့ အတိုင်းဆိုရင် ရှေးဟောင်းခေတ်က ကောင်းကင်တံခါးဂိုဏ်းကလည်း 'မတည်ငြိမ်တဲ့ စွမ်းအားစု' ဒါမှမဟုတ် 'ရန်သူ စွမ်းအားစု'အဖြစ် အသတ်မှတ် ခံခဲ့ရတဲ့ ပုံပဲ"
မြောင်ရှီးဟောင်၏ မျက်နှာတွေ အေးစက်စက် အပြုံးတစ်ခု ပေါ်လာ၍ ပြောလိုက်သည်။ "ကောင်းကင်တံခါးဂိုဏ်းဟာ ဟင်းလင်းပြင် ဘုရားကျောင်းက ဒီအကြံတွေ ရခဲ့ခြင်းရဲ့ အကြောင်းရင်းပဲ… သူတို့ဟာ ဟင်းလင်းပြင် ဘုရားကျောင်းရဲ့ 'မတည်ငြိမ်တဲ့ အင်အားစု'အဖြစ် သတ်မှတ်ခြင်းကို ခံခဲ့ရတဲ့ ပထမဆုံး မဟာအင်အားစု ဖြစ်တယ်"
"ပြီးခဲ့တဲ့ ကမ္ဘာနှစ်ခု အကြားက စစ်ပွဲမှာ ဟင်းလင်းပြင် ဘုရားကျောင်းကို အဆုံးစွန် ကွန်ဆာဗေးတစ်တွေက ဦးဆောင်ခဲ့တယ်… သူတို့က မဟာမိုးကြိုး ကျောင်းတော်ဟာ မိစ္ဆာတွေကို ဗုဒ္ဓဝါဒတွေကို သင်ကြားပေးခဲ့တဲ့ အတွက် ရန်သူအဖြစ်နဲ့ သတ်မှတ်ခဲ့ကြတယ်… ဒါပေမဲ့ ကောင်းကင်တံခါးဂိုဏ်း အတွက်က ဒီလိုမျိုး မဟုတ်ဘူး"
"အဲ့ဒီအချိန်က ဟင်းလင်းပြင် ဘုရားကျောင်းဟာ သမိုင်းတလျှောက်မှာ အနိမ့်ကျဆုံး အခြေအနေကို ရောက်နေခဲ့တယ်… ကောင်းကင်တံခါးဂိုဏ်းဟာ အစွန်းရောက် ဧကရာဇ်ကို သည်းမခံနိုင်တဲ့ အတွက် တိုက်ခိုက်ရင်း မြင့်တက်လာခဲ့တယ်… နောက်ဆုံးမှာ သူတို့ဟာ အစွန်းရောက် ဧကရာဇ်ကို နန်းချတဲ့ ပြောင်းလဲမှု ဖြစ်စဥ်ကို ဦးဆောင်နိုင်ခဲ့တယ်"
ESTÁS LEYENDO
ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၅) End (Unicode)
Aventura✓✓✓✓ MC က FAကြီး ✓✓✓✓ ဇာတ်လမ်းအကျဉ်း ------------- လင်းဖုန်းဟာ အချိန်ခရီးသွားခဲ့ပြီး စနစ်တစ်ခုကို ရရှိခဲ့ပေမယ့် သူ့ရဲ့ဖိအားတွေဟာ တောင်လိုပဲကြီးမားပါတယ်။ "စနစ်ရဲ့ အဓိကမစ်ရှင်" လင်းဖုန်းဟာ ဂိုဏ်းတစ်ဂိုဏ်းကို တည်ထောင်ရမှာပါ။ အဲ့ဒီဂိုဏ်းလဲ ဒီကမ္ဘာမ...