အပိုင်း ၁၂၀၇-၁၂၀၈

252 21 0
                                    

စာစဥ် ၆၂ : အပိုင်း ၁၇

အပိုင်း ၁၂၀၇ : စူတောင်အား ဓားတစ်လက်ဖြင့် ဖြိုခွဲခြင်း

ကျူးကော်ကျန်းသည် သူ၏အရှေ့မှ သူတော်စင် ကောင်းကင် ကမ္ဘာဦးဓား ဝင်္ကပါထံမှ စွမ်းအားများနှင့် ထက်မြက်လှသော ဓားဆန္ဒ အလင်းတန်းကို ခံစားလိုက်နေရသဖြင့် လော်ချင်းဝူဘက်သို့ လှည့်၍ ပြောလိုက်သည်။

"ငါက ဒီဓားဝင်္ကပါရဲ့ စွမ်းအားတွေနဲ့ သူမသာ ကိုယ်မသာ ဖြစ်နေပြီး ဘယ်သူက ဘယ်သူ့ကို ဘာမှ မလုပ်နိုင်နေဘူး... မင်းက အင်မော်တယ်ဝိညာဥ် အဆင့်ကို မရောက်သေးပေမဲ့ မင်းရဲ့ နည်းစနစ်နဲ့ မှော်ကျိန်စာတွေက တခြား အခြေတည် ဝိညာဥ် အဆင့်က ကျင့်ကြံသူတွေထက် အများကြီးသာပြီး တစ်ခုခုကို လုပ်နိုင်လိမ့်မယ်... ငါက မင်းကို ဓားဝင်္ကပါရဲ့ ဖိအားတွေကနေ ကာကွယ်ထားပေးမယ်"

လော်ချင်းဝူသည် သူမ၏ ခေါင်းကို လေးနက်စွာဖြင့် ညိတ်၍ ပြောလိုက်သည်။ "အစ်ကိုကြီးက လာနေပြီ ဖြစ်ပေမဲ့ အခြေအနေတွေက တစ်ခဏ အတွင်းမှာ ပြောင်းသွားနိုင်ပြီး ကျွန်မတို့က ကိုယ့်ကိုယ်ကိုယ် အထင်ကြီးနေသလို ဖြစ်နေပေမဲ့ စမ်းတော့ စမ်းကြည့်မှရမယ်... မစ္စတာ ကျူးကော်... ကျေးဇူးတင်ပါတယ်"

သူတော်စင် ကောင်းကင်ဓားက ပြန်လည် မွေးဖွားလာသည်နှင့် ထျန်းကန်း ဓားမာစတာနှင့် ချန်းမင် ဓားမာစတာတို့၏ တိုက်ပွဲသည် ခန့်မှန်းရန် ခက်ခဲပေသည်။

သူတော်စင် ကောင်းကင်ဓားက ပြန်လည် မွေးဖွားလာသည့် အချိန်တွင် ထျန်းကန်း ဓားမာစတာနှင့် ချန်းမင် ဓားမာစတာတို့၏ အကြားမှ တိုက်ပွဲရလဒ်အား ခန့်မှန်းရန် ခက်ခဲသွားမည် ဖြစ်သည်။

သူတော်စင် ကောင်းကင်ဓားအား ပြန်လည် ထုလုပ်ရန် မည်မျှ အချိန်ယူရမည်ကို မည်သူကမှ မသိသော်လည်း လျှပ်စီးဓားဂိုဏ်းနှင့် ကောင်းကင်မာစတာ ဓားဂိုဏ်း အစရှိသော အခြား ဓားဂိုဏ်းများထံမှ ဓားချီများကို အဆက်မပြတ် စုပ်ယူနေဆဲ ရှိသေးသည်။ အကယ်၍ ဤအတိုင်းသာ ဆက်လက် ဖြစ်ပေါ်နေပါက ဆုံးရှုံးမှုများသည် ပို၍ပို၍ ကြီးမားလာမည် ဖြစ်သည်။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၅) End (Unicode)Where stories live. Discover now