၁၄၀၁-၁၄၀၂

199 19 0
                                    

စာစဥ် ၇၂ : အပိုင်း ၁၁

အပိုင်း ၁၄၀၁ : မဟာမိတ် ဖွဲ့ထားသော မိစ္ဆာများ

ရှီထျန်းဟောင်သည် နတ်ဘုရား နယ်မြေ အတွင်းသို့ ပြန်လာခဲ့သော အခါ ပထမဆုံး ပြုလုပ်ခဲ့သော အရာမှာ အခြား အင်အားစုများသို့ သတင်းပေးပို့ခြင်း ဖြစ်သည်။

မေးခွန်းထုတ်ရန်ပင် မလိုပဲ အားလုံးတို့သည် အရှေ့ပင်လယ် အပေါ်ရှိ မဟာလွင်တီးခေါင် ကုန်းမြေနှင့် ဆက်သွယ်ထားသည့် နယ်နိမိတ် လမ်းကြောင်းအနီးမှ မိစ္ဆာ အရှိန်အဝါသည် နဂါးတို့၏ လက်ရှိ ခေါင်းဆောင် ဖြစ်သော မူလနဂါး ဘုရင် ဖြစ်မှန်းကို သိနေကြသည်။

လွန်ခဲ့သော နှစ်ပေါင်းများစွာက ဟေးဒီးစ် မျိုးနွယ်စုတို့ မပြန်လာမီက မူလနဂါး ဘုရင်သည် ဗီပရာလိုပါ အဆင့်တွင် ရှိနေစဥ်ကပင် သူသည် အစွမ်းအထက်ဆုံး မိစ္ဆာ ဖြစ်နေခဲ့သည်။ အလယ်ခေတ် အဆုံးသတ် ကတည်းက အစရှာမရတော့သော မျောက်မှလွဲ၍ မြေနဂါးဘုရင်နှင့် ကောင်းကင် ဂရန်းမာစတာ မဟာပဏ္ဍိတတို့ အပါအဝင် ကျန်မိစ္ဆာများသည် မူလနဂါး ဘုရင်က အစွမ်းအထက်ဆုံး မိစ္ဆာ ဖြစ်သည်ဟု အသိအမှတ် ပြုထားကြသည်။

အစောပိုင်းတွင် နဂါးများသည် မဟူရာ ပင်လယ် အတွင်းတွင် သူတို့ကိုယ် သူတို့ ဖုံးကွယ်ထား၍ ကျင့်ကြံနေကြသည်။ ထို့ကြောင့် မူလနဂါး ဘုရင်သည် ကြမ္မာပန်းတိုင် ဒုတိယ ကပ်ဘေးအား အောင်မြင်စွာ ပြီးမြောက်သွားနိုင်သည့် သတင်းကို ရရှိရန် ခက်ခဲသည်။

စူတောင်တိုက်ပွဲ အပြီးတွင် လင်းဖုန်းသည် မဟာလွင်တီးခေါင် ကုန်းမြေ အတွင်း၌ ရုတ်ရုတ်သဲသဲ ဖြစ်အောင် လုပ်ခဲ့သည် အချက်ကြောင့် မဟုတ်လျှင် မူလကောင်းကင် ကမ္ဘာ အတွင်းမှ ကျင့်ကြံသူ အများစုတို့သည် မူလနဂါး ဘုရင်၏ တိုးတက်မှုများကို သိနိုင်ကြလိမ့်မည် မဟုတ်ချေ။

ကမ္ဘာနှစ်ခု အကြားမှ နောက်ဆုံးစစ်ပွဲတွင် သူသည် အားနည်းနေသော အချိန်မှ ထင်ထားသည်ထက် ပို၍ လျင်မြန်စွာ သက်သာလာခဲ့သည်။

သို့သော်လည်း ဟေးဒီးစ် မျိုးနွယ်စုများနှင့် အတူ မူလနဂါး ဘုရင်သည် လင်းဖုန်း၏ ဒုတိယ အကြိမ် အောင်မြင်စွာ ကျင့်ကြံနိုင်ခဲ့သော ကောင်းကင်ဖျက်ဆီး ဓားနှင့် ရင်ဆိုင်ခဲ့ရသည်။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၅) End (Unicode)Where stories live. Discover now