၁၃၃၃-၁၃၃၄

222 18 0
                                    

စာစဥ် ၆၉ : အပိုင်း ၃

အပိုင်း ၁၃၃၃ : ဗောဓိနှင့် မိစ္ဆာနှလုံးသား တံဆိပ်၊ စကားလုံးများဖြင့် ထိန်းချုပ်ထားသော မှော်ကျိန်စာ

ဝမ်လင်းသည် ဟင်းလင်းပြင်တွင် ရပ်နေရင်း လျှိုကြီးနှင့် ဟေးဒီးစ်ယွင်ချန်းတို့အား လှမ်းကြည့်လိုက်သည်။

လျှိုကြီး၏ ခန္ဓာကိုယ် အတွင်းတွင် ဆက်လက် လှုပ်ရှားနေသော အရိုးနှင့် အတူ ယွင်ချန်း၏ ဟေးဒီးစ်တို့၏ မှုန်ဝါးဝါး လင်းလက်တောက်ပခြင်းနှင့် ရင်ဆိုင်ခဲ့ရသော အခါ ဝမ်လင်း၏ နဖူးပေါ်မှ ထိုက်ကျိရုပ်ပုံက လည်ပတ်လာကာ သူ့နဖူးအလယ်တွင် ထူးခြားသော အလင်းတန်းတစ်ခု တောက်ပလာသည်။

သူ၏ မျက်လုံးနှစ်လုံး အတွင်းမှ အဖြူရောင်နှင့် အနက်ရောင် အလင်းတန်း နှစ်တန်းတို့ ထွက်လာကြ၍ ထိုအလင်းတန်းတို့သည် အချင်းချင်း ထောင့်မှန်ပုံစံဖြင့် ယှက်သန်းသွားကြပြီး ကြက်ခြေခတ်ပုံစံကို ဖန်ဆင်းလိုက်ကြသည်။

အလင်းတန်း နှစ်တန်းတို့ဖြင့် ဖန်ဆင်းထားသော ကြက်ခြေခတ်သည် ဝမ်လင်း၏ မျက်လုံးများ အတွင်းမှ ထွက်လာကြပြီး ဟင်းလင်းပြင်တလျှောက် ပျံသန်းသွား၍ ကောင်းကင်၏ အစွန်းတိုင်အောင် ကျယ်ပြန့်သွားသည်။

အဖြူနှင့် အနက် ကြက်ခြေခတ်သည် ယွင်ချန်း ထုတ်လွှတ်ထားသော ဟေးဒီးစ်တို့၏ မှုန်ဝါးဝါး လင်းလက်တောက်ပခြင်းကို တားဆီးခဲ့သည်။ မီးခိုးဖြူရောင် အလင်းတန်းသည် ကြက်ခြေခတ် အပေါ်သို့ ကျရောက်လာကာ သူ့အား ဝါးမျိုရန် ကြိုးစားခဲ့ကြသည်။

ဝမ်လင်းသည် ဟေးဒီးစ်နင်းဖန်အား ကြည့်၍ တည်ငြိမ်စွာဖြင့် ပြောလိုက်သည်။ "သူ့ကို သတ်လိုက်"

ထိုအတွေးဖြင့် ဟေးဒီးစ်တို့၏ မှုန်ဝါးဝါး လင်းလက်တောက်ပခြင်းသည် တုန်ခါလာ၍ ကြက်ခြေခတ်အား ဖန်ဆင်းထားသည့် အနက်ရောင် အလင်းတန်းပေါ်သို့ ကျရောက်သွားကာ မြစ်တစ်စင်း အတွင်းသို့ ကျရောက်သွားသကဲ့သို့ နစ်မြှုပ်သွားသည်။

အနက်ရောင် အလင်းတန်းသည် အရှေ့သို့ ဆက်သွားခဲ့ပြီး ကြက်ခြေခတ်၏ လျှို့ဝှက်ဆန်းကြယ်သော အလယ်သို့ ရောက်သွားသော အချိန်တွင် ဦးတည်ချက် ရုတ်တရက် ပြောင်းသွားခဲ့ကာ အဖြူရောင် အလင်းတန်း အတွင်းသို့ ဝင်ရောက်သွားသည်။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၅) End (Unicode)Where stories live. Discover now