အပိုင်း ၁၄၇၂ : ပြိုင်ဘက်ကင်း

199 17 0
                                    

စာစဥ် ၇၆ : အပိုင်း ၂

အပိုင်း ၁၄၇၂ : ပြိုင်ဘက်ကင်း

လင်းဖုန်းသည် သူ၏ ကောင်းကင်ဖျက်ဆီး ဓားအား ကောင်းကင်ပေါ်သို့ မြှောက်လိုက်သော အချိန်တွင် သူ၏ကိုယ်ပိုင် ထိုက်ကျိကောင်းကင် ကြယ်စင်ဝင်္ကပါ၊ ကြမ္မာပန်းတိုင် ခေါင်းလောင်းနှင့် တော်ဝင်ကောင်းကင် ဝင်္ကပါတို့ကပင် နောက်ဆုတ်သွားခဲ့သည်။

တော်ဝင်မိစ္ဆာ ဧကရာဇ်တို့သည် သူတို့ ခန္ဓာကိုယ် အပေါ်မှ နှောင်ကြိုးများက ကင်းလွတ်သွား၍ အနှောင်အဖွဲ့များမှ လွတ်မြောက်သွားသည်ဟု ခံစားခဲ့ရသော်လည်း သူတို့ ခံစားနေရသည့် ဖိအားများက ပို၍သာ ကြီးမားလာခဲ့သည်။

အဘယ်ကြောင့်ဆိုသော ဤအချိန်၌ သူတို့သည် အသက်အန္တရာယ် ခြိမ်းခြောက်မှုအား အမှန်တကယ်ပင် ခံစားခဲ့ရသောကြောင့် ဖြစ်သည်။

ရွှမ်ဆန်းနှင့် ရှန်းယွမ်တို့သည် မူလကောင်းကင် ကမ္ဘာ တစ်ခုလုံး၏ အထွတ်အထိပ် နေရာတွင် ရှိနေကြသည့် အစွမ်းထက် ပုဂ္ဂိုလ်များ ဖြစ်နေကြသော်လည်း ဤအချိန်၌ လင်းဖုန်း၏ ဓားနှင့် ရင်ဆိုင်ခဲ့ရသော အခါ ကူရာမဲ့နေခဲ့သည်။

ဤအချိန်တွင် သူတို့အနေဖြင့် ကောင်းကင်စကြာဝဠာ အလင်းတန်း ကမ္ဘာအား ချိုးဖောက်သွား၍ ဝေးကွာသော နေရာများသို့ လွတ်မြောက်သွားရန်သာ တတ်နိုင်ခဲ့ကြသည်။ အကယ်၍ သူတို့သည် ယခု အခွင့်အရေးကို အသုံးချကာ ဤနေရာမှ အဝေးသို့ သွားနိုင်ခဲ့ပါက အသက်ရှင်နိုင်ရန် အခွင့်အရေး နိုင်သည်။

သို့သော်လည်း လင်းဖုန်း၏ ဓားသည် သူတို့အပေါ်သို့ ခုတ်ချလာခဲ့ပြီ ဖြစ်ပြီး သူက ပြိုင်ဘက်ကင်းနေသည်။

ဤအရာသည် မူလကောင်းကင် ကမ္ဘာ၏ သမိုင်းတစ်လျှောက်တွင် တစ်ခါမှ မမြင်ဖူးသေးသော စွမ်းအားတစ်ခု ဖြစ်၍ မဟာကမ္ဘာ ကပင် ခုခံနိုင်စွမ်း မရှိတော့ပဲ တုန်ခါသွားခဲ့လေသည်။

ဤဓားသည် အဆုံးစွန် ဧကရာဇ် ရှန်းယွမ်အား ဦးတည်နေခဲ့ခြင်း ဖြစ်သည်။

ထိုဓား ချိန်ရွယ်ထားသည့် နေရာတိုင်းတွင် ရှန်းယွမ်အနားမှ သွေးနီရောင် အလင်းတန်း မြူခိုးငွေ့များသည် ပျောက်ပျက် လွင့်ပြယ်သွားခဲ့သည်။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၅) End (Unicode)Where stories live. Discover now