၁၂၅၇ မှ ၁၂၆၀

300 22 0
                                    

စာစဥ် ၆၅ : အပိုင်း ၇

အပိုင်း ၁၂၅၇ : နံပါတ်တစ် မြင့်မြတ်နယ်မြေ

စကြာဝဠာ စကျင်ဗုဒ္ဓသည် လင်းဖုန်း၏ ဓားချက်ကို မြင်လိုက်ရသော အခါ အနည်းငယ် စိတ်လှုပ်ရှားသွားသည်။ ထိုဓားသည် ကောင်းကင်နှင့် မြေကြီးကို သုတ်သင်ကာ မဟာတာအို၏ မရေအတွက်နိုင်သော သဘောတရားများကို ပြောင်းလဲနိုင်စွမ်း ရှိသည်။

ဖျက်ဆီးနိုင်မှု စွမ်းအားများနှင့် တိုက်စစ်တွင် သူ၏ လက်ရှိပုံစံနှင့် သကျမုနိ ဗုဒ္ဓက သေမင်းပင်လယ် အတွင်းသို့ ဝင်ရောက်ခဲ့သည့် အချိန်ကထက်ပင် ပို၍ အစွမ်းထက်နေပေပြီ။

စကြာဝဠာ စကျင်ဗုဒ္ဓသည် ဤကဲ့သို့သော ကြီးမားသည့် စွမ်းအားများကို အထူး သတိပြုမိခဲ့သည်။ သူသည် လင်းဖုန်းနှင့် ကောင်းကင်ဖျက်ဆီး ဓားတို့၏ အတိတ်၊ အနာဂတ်နှင့် ပစ္စုပ္ပန်တို့အား တွက်ချက်ရန်ပင် ကြိုးစားခဲ့သော်လည်း မအောင်မြင်နိုင်ခဲ့ပေ။

ဟင်းလင်းပြင်က ကွဲအက်သွားကာ မီးခိုးရောင် ဝတ်ရုံနှင့် ကြည့်၍ကောင်းသော ရဟန်းငယ် တစ်ပါးက ထွက်လာသည်။ သူသည် စကြာဝဠာ စကျင်ဗုဒ္ဓအား ရိုသေစွာဖြင့် ဦးညွှတ်လိုက်သည်။ "ဗုဒ္ဓကို နှုတ်ဆက်ပါတယ်"

ထိုမီးခိုးရောင် ဝတ်စုံနှင့် ရဟန်းငယ်သည် အချိန်ကြာမြင့်စွာ ပုန်းအောင်းနေသည့် ရွှေပုစဥ်း ဆရာတော်ပင် ဖြစ်သည်။

ရွှေပုစဥ်း ဆရာတော်က သက်ပြင်းချ၍ ပြောလိုက်သည်။ "တပည့်တော်က လင်းဖုန်းရဲ့ဓားက ပြန်လည် ပေါ်လာနိုင်ဖို့ အချိန်အနည်းငယ် လိုဦးမယ်လို့ တွေးထားခဲ့တာ… လင်းဖုန်းက ဒီအကျပ်အတည်း အတွင်းမှာ သူ့ရဲ့ကောင်းကင်ဖျက်ဆီး ဓားကို ချိပ်ဖြည်ခဲ့တယ်… ဒါပေမဲ့ သူ့ကို အောင်မြင်စွာနဲ့ ကျင့်ကြံနိုင်ခဲ့လိမ့်မယ်လို့ ဘယ်သူက ထင်ထားမိမှာလဲ"

စကြာဝဠာ စကျင်ဗုဒ္ဓက တည်ငြိမ်စွာဖြင့် ပြောလိုက်သည်။ "ပြီးတာနဲ့ ဟေးဒီးစ် မျိုးနွယ်စုတို့ရဲ့ ပြန်လည် ပေါ်ပေါက်လာမှုကြောင့် အခြေအနေတွေက ပြန်ပြောင်းသွားတော့မယ်"

ရွှေပုစဥ်း ဆရာတော်က ပြန်ပြောလိုက်သည်။ "တပည့်တော်က ဂရုစိုက်ပါမယ်"

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၅) End (Unicode)Where stories live. Discover now