အပိုင်း ၁၄၃၃ : ကြီးမားသော တူးဖော်မှု

194 20 0
                                    

စာစဥ် ၇၄ : အပိုင်း ၃

အပိုင်း ၁၄၃၃ : ကြီးမားသော တူးဖော်မှု

နတ်ဘုရား နယ်မြေ အတွင်းမှ စူတောင်တိုက်ပွဲ အတွင်းတွင် မြေနဂါးဘုရင်သည် အသက် ဆုံးရှုံးသွားခဲ့ကာ ကောင်းကင် ဂရန်းမာစတာ မဟာပဏ္ဍိတ၊ အနီရောင် ဂေါ်ရီလာ မဟာပဏ္ဍိတနှင့် ရှန်နဂါးဘုရင်တို့ကလည်း ရှုံးနိမ့်သွားခဲ့သည်။

ရှေးဟောင်းတို့၏ လက်ရှိ ဧကရာဇ် ဖြစ်သူ ဂူကျွန်းသည် ထျန်းကန်း ဓားမာစတာ၊ ရှင်းလုံစန်း၊ ရှီရှင်းယွမ်တို့နှင့် အတူ သူတို့အား လိုက်လံ ဖမ်းဆီးခဲ့၍ လူသားတို့သည် တန်ပြန် တိုက်ခိုက်မှုများကို ပြုလုပ်ခဲ့ကြသည်။

ဗီပရာလိုပါ အဆင့်မှ မဟာမိစ္ဆာများ အပြင် သူတို့၏ လက်အောက်တွင် နတ်ဘုရား နယ်မြေ အတွင်းသို့ လိုက်ပါလာသော အစွမ်းထက် မိစ္ဆာများစွာ ရှိကြသေးသည်။

သူတို့သည် အစပထမတွင် ခက်ထန်စွာ တိုက်ခိုက်ခဲ့ကြရမှ ယခုအချိန်တွင် ထွက်ပြေးနေရသော အရှုံးသမားများ ဖြစ်သွားကြပြီ ဖြစ်သည်။ ထိုအရာသည် အစောပိုင်းက ကမ္ဘာအကြားမှ စစ်ပွဲအတွင်းမှ နောက်ဆုံး တိုက်ခိုက်မှု မြင်ကွင်းများကို ပြန်လည် ပြသခဲ့သည်နှင့် တူနေခဲ့သည်။

ဂူကျွန်းတို့ အုပ်စုသည် ကောင်းကင် ဂရန်းမာစတာ မဟာပဏ္ဍိတတို့ အုပ်စုအား လိုက်လံ တိုက်ခိုက်ခဲ့ကြ၍ အခြား လူသား ကျင့်ကြံသူများသည် ကောင်းကင် ဂရန်းမာစတာ မဟာပဏ္ဍိတတို့ အနောက်မှ လိုက်လာခဲ့ကြသည့် အစွမ်းထက်သော အခြား မိစ္ဆာများကို မောင်းနှင်ထုတ်နိုင်ခဲ့ကြသည်။

နတ်ဘုရား နယ်မြေနှင့် မဟာလွင်တီးခေါင် ကုန်းမြေတို့ အကြားတွင် မုန်တိုင်းတစ်ခုက ထပ်ဖန်တစ်ခါ အစပျိုးလာခဲ့သည်။

အရှေ့ပင်လယ် ကမ်းရိုးတန်း အပေါ်မှ ဟင်းလင်းပြင် အတွင်းတွင် တရားထိုင်နေခဲ့သော အမျိုးသမီးသည် ခက်ထန်နေသည်ဟု ထင်နေရသော်လည်း အားလုံးတို့၏ ယုံကြည်ချက်အား အားဖြည့်ပေးနိုင်ခဲ့သည်။

အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းမှ ကျင့်ကြံသူများကလည်း သူတို့၏ ရန်သူများအား အမဲလိုက်ခဲ့ကြသည်။ ဂိုဏ်း၏ ဂုဏ်ထူးဆောင် အကြီးအကဲများ ဖြစ်ကြသော ကျူးကော်ကျန်း၊ ရေလှိုင်း သူတော်စင်နှင့် ဂိုဏ်းအတွင်းမှ အစွမ်းထက်သော အင်မော်တယ်ဝိညာဥ် အဆင့်မှ ဒုတိယ မျိုးဆက် တပည့်များသည် တိုက်ပွဲအတွင်းသို့ ဝင်ပါခဲ့ကြသည်။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၅) End (Unicode)Donde viven las historias. Descúbrelo ahora