စာစဥ် ၇၄ : အပိုင်း ၁၇
အပိုင်း ၁၄၄၇ : ဟင်းလင်းပြင် ဘုရားကျောင်းမှ လူငယ်မျိုးဆက်၏ ထိပ်ဆုံး ကျင့်ကြံသူ
ဇူရီသည် လင်းတောက်ဟန်အား မည်သည့်အခါမှ လျှော့တွက်ခဲ့ခြင်းမျိုး မရှိခဲ့ပေ။
အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်း မမြင့်တက်လာမီက ဟင်းလင်းပြင် ဘုရားကျောင်းသည် နတ်ဘုရားနယ်မြေ အတွင်းတွင် နံပါတ်တစ် မြင့်မြတ်နယ်မြေ ဖြစ်သည်။ ဂိုဏ်းအတွင်းသို့ ဝင်ရောက်နိုင်ရန် တစ်ယောက်သည် အလွန် ထူးချွန်ရမည် ဖြစ်သည်။
ဟင်းလင်းပြင် ဘုရားကျောင်း အတွင်းသို့ ဝင်ရောက်နိုင်၍ ဗဟိုတပည့် ဖြစ်လာနိုင်သော သူတစ်ယောက်သည် အနည်းဆုံးတော့ ကျင့်ကြံမှု စွမ်းရည်များတွင် ထူးချွန် ပြောင်မြောက်ရမည် ဖြစ်သည်။
လင်းတောက်ဟန်သည် သူ၏ မျိုးဆက်အတွင်းတွင် အထူးချွန်ဆုံး ကျင့်ကြံသူ ဖြစ်ကာ သူ၏ ပြိုင်ဘက်များ အားလုံးကို ကျော်လွှားပြီး ဟင်းလင်းပြင် ဘုရားကျောင်း အတွင်းတွင် ထိပ်ဆုံးနေရာအား ကြီးစိုးထားခဲ့သူ ဖြစ်သည်။ သူသည် အမှန်ပင် ပါရမီရှင်များ အကြားမှ ပါရမီရှင် ဖြစ်သည်။
သူသည် ဤနှစ်များ အတွင်းတွင် ပိုင်ယွင်တောင်ပေါ်၌ ငြိမ်သက်စွာသာ နေလေ့ရှိသဖြင့် လူအချို့ကသာ သူ့အား သိကြသော်လည်း သူ့အကြောင်းကို သိသောသူများမှာ သူ၏ စွမ်းအား အစစ်အမှန်ကို သိနေကြသည်။
သူသည် အသက်၁၅နှစ် အရွယ်တွင် အခြေတည်ဝိညာဥ်ကို ဖန်ဆင်းနိုင်ခဲ့ပြီး ၃၆နှစ်တွင် အင်မော်တယ် ဝိညာဥ် အဆင့်သို့ ရောက်ရှိခဲ့သည်။ အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းမှ ရှီထျန်းဟောင် မြင့်တက်မလာမီက သူသည် နတ်ဘုရားနယ်မြေ အတွင်းတွင် အစွမ်းအထက်ဆုံးသော အသက်အငယ်ဆုံး ကျင့်ကြံသူဟူသော ဂုဏ်ပုဒ်ကို ပိုင်ဆိုင်ထားနိုင်ခဲ့သည်။
အစောပိုင်းတွင် သူသည် အင်မော်တယ် ဝိညာဥ် အဆင့်သို့ စတင်ရောက်ရှိခါစတွင် ယန်နန်းလိုင်အား အစားထိုး၍ ဟင်းလင်းပြင် ဘုရားကျောင်း၏ ဂိုဏ်းခေါင်းဆောင် ဖြစ်လာနိုင်သည်မှာ သေချာသလောက် ဖြစ်နေခဲ့သည်။
YOU ARE READING
ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၅) End (Unicode)
Adventure✓✓✓✓ MC က FAကြီး ✓✓✓✓ ဇာတ်လမ်းအကျဉ်း ------------- လင်းဖုန်းဟာ အချိန်ခရီးသွားခဲ့ပြီး စနစ်တစ်ခုကို ရရှိခဲ့ပေမယ့် သူ့ရဲ့ဖိအားတွေဟာ တောင်လိုပဲကြီးမားပါတယ်။ "စနစ်ရဲ့ အဓိကမစ်ရှင်" လင်းဖုန်းဟာ ဂိုဏ်းတစ်ဂိုဏ်းကို တည်ထောင်ရမှာပါ။ အဲ့ဒီဂိုဏ်းလဲ ဒီကမ္ဘာမ...