စာစဥ် ၇၅ : အပိုင်း ၁၁
အပိုင်း ၁၄၆၁ : ကောင်းကင်ဖျက်ဆီး ဓားအား တတိယ အကြိမ် ချိပ်ပိတ်ခြင်း
ကောင်းကင်နှင့် မြေကြီးတို့ အကြားတွင် တစ်ခြမ်းဖြူ တစ်ခြမ်းနက်နေသော အလင်းတန်း တစ်တန်းသည် ထပ်ဖန်တစ်ခါ လင်းလက်လာ၍ အန္တိမ ကောင်းကင်ကြေးမုံ၏ အလင်းတန်းများနှင့် ပေါင်းစည်းသွားကာ သေမင်းပင်လယ် အတွင်းသို့ တိုင်အောင် ရောက်ရှိသွားသည်။
အလင်းတန်းများသည် လင်းလက် ပျံ့နှံ့လာခဲ့သော အခါ ကောင်းကင်နှင့် မြေကြီးတို့ အကြားမှ နယ်နိမိတ်များ အဖြစ် ပြောင်းသွားသည့်ပုံ ပေါက်လာသည်။ လင်းဖုန်း စွမ်းအားများ၏ အကျိုးသက်ရောက်မှု အောက်တွင် ပုံရိပ်ယောင် နယ်နိမိတ်သည် ထိုနယ်နိမိတ်များနှင့် အတူ စတင် အက်ကွဲလာကြသည်။
ဝိညာဥ်ပင်လယ်နှင့် သေမင်းပင်လယ် အကြားမှ အရှိန်အဝါများသည် စတင်၍ တုန်ခါလာကြသော်လည်း သူတို့ အကြားမှ နူးညံ့သိမ်မွေ့သော မျှခြေများကို ထိန်းသိမ်းနိုင်ခဲ့ကြသည်။
အက်ကွဲကြောင်း အကြားမှ တဆင့် မဟာကမ္ဘာ အတွင်းမှ မြင်ကွင်းများသည် အားလုံးတို့၏ အရှေ့သို့ ရောက်လာခဲ့ကြသည်။
ဤအချိန်တွင် မဟာကမ္ဘာ၊ ဝိညာဥ်ပင်လယ်နှင့် သေမင်းပင်လယ် အတွင်းမှ ကမ္ဘာများသည် အတူတကွ နီးစပ်စွာ ဆက်သွယ်နေကြ၍ ကမ္ဘာသုံးခု ထပ်နေသော နေရာတွင် အပေါက်တစ်ပေါက် ပေါက်သွားခဲ့သည်။
ဝိညာဥ်ပင်လယ်သည် ဤအချိန်တွင် မဟာကမ္ဘာနှင့် ဆက်စပ်သွား၍ စိတ်ဝိညာဥ် စွမ်းအင် လှိုင်းလုံးများသည် ကောင်းကင်နှင့် မြေကြီးတို့အား ပြည့်နေခဲ့သော်လည်း သေမင်းပင်လယ်မှ အရှိန်အဝါများ၏ ဖျက်ဆီးခြင်းကို ခံခဲ့ကြရသည်။
မဟာကမ္ဘာ အတွင်းတွင် နတ်ဘုရား နယ်မြေမှ ဖြစ်စေ၊ မဟာလွင်တီးခေါင် ကုန်းမြေမှ ဖြစ်စေ၊ အားလုံးတို့၏ အရှေ့တွင် တောက်ပသော အလင်းတန်း တစ်ကွက် ပေါ်လာခဲ့၍ မျက်စိ ကျိန်းလုမတတ် လင်းလက်နေကာ ကောင်းစွာ မမြင်နိုင်ခဲ့ပေ။သူတို့၏ စိတ်ဝိညာဥ် တာဝါများနှင့် အသိစိတ် ပင်လယ်တို့သည် ဗလာဖြစ်သွား၍ အဆုံးမဲ့ အလင်းတန်း အပြင် အခြားဘာမှ မရှိခဲ့ပေ။
أنت تقرأ
ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၅) End (Unicode)
مغامرة✓✓✓✓ MC က FAကြီး ✓✓✓✓ ဇာတ်လမ်းအကျဉ်း ------------- လင်းဖုန်းဟာ အချိန်ခရီးသွားခဲ့ပြီး စနစ်တစ်ခုကို ရရှိခဲ့ပေမယ့် သူ့ရဲ့ဖိအားတွေဟာ တောင်လိုပဲကြီးမားပါတယ်။ "စနစ်ရဲ့ အဓိကမစ်ရှင်" လင်းဖုန်းဟာ ဂိုဏ်းတစ်ဂိုဏ်းကို တည်ထောင်ရမှာပါ။ အဲ့ဒီဂိုဏ်းလဲ ဒီကမ္ဘာမ...