အပိုင်း ၁၄၃၂ : သက်ရှိများ အားလုံးအပေါ်တွင် အနိုင်ယူခြင်း

199 21 0
                                    

စာစဥ် ၇၃ : အပိုင်း ၂

အပိုင်း ၁၄၃၂ : သက်ရှိများ အားလုံးအပေါ်တွင် အနိုင်ယူခြင်း

ကောင်းကင်နိဗ္ဗာန် လည်ပတ်ခြင်း ဝင်္ကပါသည် ကြေမွ ပြိုကွဲသွားကာ အလင်းတန်းများသည် ဟင်းလင်းပြင် အတွင်းတွင် လွင့်ပြယ်သွားကြသည်။

အသန်မာဆုံး မိစ္ဆာမျိုးနွယ်စု လေးမျိုး ဖြစ်ကြသည့် ဖီးနစ်၊ ရွှမ်းဝူ၊ ချီလင်နှင့် ကျူးကျန်းတို့၏ ပုံရိပ်များသည် နားကွဲလုမတတ် ဟိန်းဟောက်သံများကို တစ်ပြိုင်နက်တည်း ထုတ်လွှတ်ခဲ့ကြကာ အစအန ရှာမရပဲ ပျောက်ကွယ်သွားကြလေသည်။

ပြီးတာနှင့် ကျန်သော မဟာမိစ္ဆာများ ဖြစ်ကြသည့် ရှေးပဝေသဏီ နတ်နဂါး၊ ရွှေရောင်ငှက်တောင် မဟာနတ်ငှက်၊ ခွန်းဖန်၊ ကောင်းကင်မိစ္ဆာ လူဝံနှင့် ဟွန်တွန်းတို့ အပါအဝင် ကျန်သော မိစ္ဆာမျိုးနွယ်စု ရှစ်မျိုးတို့၏ အလင်းတန်း ပုံရိပ်များကလည်း အတူတကွ ပျောက်ကွယ်သွားကြလေသည်။

မှော်ဝင်္ကပါ တစ်ခုလုံး ပေါက်ကွဲသွားသော အခါ သူ့အတွင်းမှ နေ၍ မှိတ်တုတ်မှိတ်တုတ် ဖြစ်နေသော အဖြူရောင် အလင်းတန်းများ ပေါ်လာခဲ့ကာ အစွမ်းထက်သော အသစ် ဖန်ဆင်းခြင်းနှင့် ဒဏ်ရာ ကုစာသည့် စွမ်းရည်များကို ထုတ်ဖော်ခဲ့သည်။

ဤအရာသည် ကောင်းကင်နိဗ္ဗာန် လည်ပတ် ဝင်္ကပါ၏ အန္တိမ နောက်ဆုံး အကွက်ဖြစ်၍ ကောင်းကင် ကျက်သရေ မဟာပဏ္ဍိတ၏ ဒဏ်ရာ အပြင်းအထန် ရနေသော မိစ္ဆာဝိညာဥ်အား အဝေး တစ်နေရာသို့ ပို့ဆောင်ပေးခဲ့ခြင်း ဖြစ်သည်။

သူမသည် သူမ၏ မူလပုံစံအား ဖောက်ခွဲခဲ့၍ လင်းဖုန်း၏ တိုက်ခိုက်မှုများကို ခံခဲ့ရသဖြင့် သူမ၏ အခြေအနေသည် လွန်စွာ ဆိုးဝါးနေသည်။

သူမသည် အသက်ပင် မရှူရဲခဲ့ပဲ အလျင်အမြန် ထွက်ပြေးသွားသည်။ သို့သော်လည်း လင်းဖုန်းသည် လက်တစ်ဘက်ကို လှန်လိုက်သော အခါ ထိုက်ကျိရုပ်ပုံ တစ်ခု ပေါ်လာ၍ သူ၏ လက်ဝါးများ အတွင်းတွင် လည်ပတ်နေခဲ့သည်။ သူမသည် သူ့အောက်တွင် အချုပ်နှောင်ခံခဲ့ရ၍ တစ်ချက်မှ မလှုပ်ရှားနိုင်ခဲ့ပေ။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၅) End (Unicode)Where stories live. Discover now