စာစဥ် ၇၁ : အပိုင်း ၆
အပိုင်း ၁၃၇၆ : ဝိညာဥ်ပင်လယ်သည် ပြန်လည် ပွင့်တော့မည် ဖြစ်သည်
လူသားကျင့်ကြံမှု ကမ္ဘာ၏ ထုံးတမ်းစဥ်လာ အရ ဤကဲ့သို့သော ပြိုင်ပွဲသည် လူငယ်မျိုးဆက် တပည့်များ၏ လက်ရှိ ကျင့်ကြံမှုနှင့် သူတို့၏ အလားအလာများကို စမ်းသပ်ရန် ဖြစ်သည်။ ဤအရာသည် သူတို့အား အတွေ့အကြုံများ ရနိုင်ရန် ကူညီမည့် နည်းလမ်းတစ်ခု ဖြစ်၍ ရွှေရောင်ဗဟိုချက်နှင့် အခြေခံအုတ်မြစ် အဆင့်မှ ကျင့်ကြံသူများ အတွက် အဓိက ဖြစ်သည်။
လင်းဖုန်းနှင့် ကျန်သော အဆင့်မြင့် ပုဂ္ဂိုလ်များ အနေဖြင့် ဤကဲ့သို့သော ပြိုင်ပွဲသည် သူတို့အတွက် ဘာမှ ဂရုစိုက်စရာ မဟုတ်ချေ။ ထူးချွန်ထက်မြက်သော သူများ ပေါ်ထွက်လာပါကလည်း လင်းဖုန်းနှင့် ကျန်သောသူများ အနေဖြင့် သူတို့၏ လက်ရှိ စွမ်းရည်များ အစား သူတို့၏ အလားအလာများကို ပို၍ တန်ဖိုးထားကြမည် ဖြစ်သည်။
ကျင့်ကြံသူများ အားလုံးတို့ အကြားတွင် အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းမှ တပည့်များသည် အာရုံစိုက်မှုကို အခံရဆုံးဖြစ်သည်။ သူတို့ တစ်ယောက်ချင်းစီသည် သူတို့အား ကြည့်နေကြသော သူများ၏ အာရုံများကို ဆွဲဆောင်နိုင်ခဲ့သည်။
သူတို့သည် ဤမျှအထိ အာရုံအစိုက်ခံရခြင်းမှာ သူတို့၏ စွမ်းရည်များ သက်သက်ကြောင့်သာ မဟုတ်ပဲ သူတို့သည် အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းမှ ဖြစ်နေ၍ ဖြစ်သည်။
စကားပုံဟောင်း တစ်ခုအရ စောစီးစွာ သေသွားသော ပါရမီရှင်သည် တကယ့်ပါရမီရှင် တစ်ယောက် မဟုတ်ချေ။ အကယ်၍ တစ်ယောက်တွင် အလားအလာ ရှိသည် ဆိုလျှင်ပင် ထိုအလားအလာသည် အစစ်အမှန် စွမ်းရည်အဖြစ်သို့ မပြောင်းလဲခဲ့လျှင် ဘာမှ မဟုတ်ပေ။
ရှီထျန်းရီ၊ ကျင်းဟွမ်အမတ်နှင့် လေကျဲတို့သည် ရှီထျန်းဟောင်၊ ရှောင်ယန်နှင့် တန်ကျွင်းတို့၏ သတ်ဖြတ်ခြင်းကို အသီးသီးခံခဲ့ရသည်။ သူတို့သည် သူတို့မျိုးဆက်၏ ပါရမီရှင်များ ဖြစ်ကြ၍ အနာဂတ်တွင် ဒဏ္ဍာရီများ ဖြစ်လာကြမည်ဟု ယုံကြည်ထားခြင်းကို ခံခဲ့ရသည်။
ŞİMDİ OKUDUĞUN
ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၅) End (Unicode)
Macera✓✓✓✓ MC က FAကြီး ✓✓✓✓ ဇာတ်လမ်းအကျဉ်း ------------- လင်းဖုန်းဟာ အချိန်ခရီးသွားခဲ့ပြီး စနစ်တစ်ခုကို ရရှိခဲ့ပေမယ့် သူ့ရဲ့ဖိအားတွေဟာ တောင်လိုပဲကြီးမားပါတယ်။ "စနစ်ရဲ့ အဓိကမစ်ရှင်" လင်းဖုန်းဟာ ဂိုဏ်းတစ်ဂိုဏ်းကို တည်ထောင်ရမှာပါ။ အဲ့ဒီဂိုဏ်းလဲ ဒီကမ္ဘာမ...